ဖခင်ဖြစ်သူရဲ့ credit card တွေကိုအပြီးအပိုင် စွန့်လွှတ်လိုက်တဲ့ နေခြည်ဦး

Posted on

မြန်မာနိုင်ငံရဲ့ထိပ်တန်း ဗျူးတီးဘလော့ဂါ တစ်ယောက်ဖြစ်တဲ့နေခြည်ဦးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ကျော်ကြားနေတဲ့ နာမည်ကြီး အနုပညာရှင်တစ်ယောက်ပါ ။ ဗျူးတီးဘလော့ဂါအဖြစ် ပရိသတ်တွေလက်ခံအားပေးခဲ့ကြတဲ့ချီချီကတော့ အခုနောက်ပိုင်း ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ကြော်ငြာတွေရိုက်ကူးနေပြီး အောင်မြင်တဲ့ မင်းသမီးတစ်ယောက်အဖြစ် ပရိသတ်တွေလက်ခံစပြုနေပြီပဲဖြစ်ပါတယ် ။ အထူးသဖြင့်သူမရဲ့ဖန်လေးတွေဖြစ်တဲ့ချီလီလေးတွေကတော့ သူမဘာလုပ်လုပ်အမြဲအားပေး နေကြတဲ့သူတွေပါ ။

 

 


လတ်တလောမှာတော့ ချီချီတစ်ယောက် ဖခင်ဖြစ်သူရဲ့ Credit Card တွေကို အပြီးအပိုင်စွန့်လွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပရိသတ်တွေကို ဖွင့်ဟလာခဲ့ပါပြီ ။ ” နေခြည်ဦး လူကြီးဖြစ်ပါပြီCB Bank က Rainbow World Mastercard ရသွားပြီဆိုတော့ဖေကြီးရဲ့ credit card တွေကိုသမီး အပြီးအပိုင် စွန့်ခွါနိုင်ခဲ့ပါပြီ ဖေကြီး (P.S မွေးနေ့လက်ဆောင်လေးတော့ ဝယ်ပေးဦးနော် ဟီး) ” ဆိုတဲ့စာသားလေးနဲ့အတူ သူမနာမည်နဲ့ကိုယ်ပိုင် ဘဏ်ကဒ်ရပြီဖြစ်လို့ ဖခင်ဖြစ်သူရဲ့ Card တွေကို စွန့်လွှတ်နိုင်ခဲ့ပြီလို့ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။

 

 

ပရိသတ်တွေကတော့ လူကြီးဖြစ်ပြီပြောပြီး ဖေကြီးကို မွေးနေ့လက်ဆောင်ဝယ်ခိုင်းနေတဲ့ ချွဲစိန်လေးလို့ ချီချီကို ချစ်စနိုးနဲ့စနောက်နေကြ ပြီး အပြင်မှာဆိုလူကြီး အိမ်မှာ ဆို ကလေးလေးလို့လည်း ကျီစယ်နေကြပါသေးတယ် ။ ကဲ ချီလီလေးတွေရေ ယူတို့ရဲ့ ချီချီကတော့ လူကြီးဖြစ်သွားပါပြီတဲ့နော် ..ဘယ်လိုလဲ နေခြည်ကို လူကြီးဖြစ်ပြီဆိုတာလက်ခံကြရဲ့လား ???

Source : Nay Chi Oo
Emily ( Cele Zone)