အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးကိုနားလည်ဖို့ပရိသတ်တွေကိုဝေမျှလာတဲ့ ချောရတနာ

Posted on

တစ်ချိန်က အနုပညာလောကမှာ ရေးပန်းအစားဆုံးမင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင် ချောရတနာက တော့ လက်တလောမှာတော့ အနုပညာလောကနေ ပျောက်ကွယ်နေခဲ့တာကြာပြီပဲ ဖြစ်ပါတယ်။သူမကတော့ အိမ်ထောင်ကျပြီတဲ့ နောက်ပိုင်း ပျော်စရာမိသားစုလေးနဲ့ပဲ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒုတိယမြောက်သမီးလေးကို မွေးဖွားထားပြီး သားလေးတစ်ယောက်သမီးလေးတစ် ယောက်နဲ့ အရမ်းကိုကြည်နူးဖို့ကောင်းတဲ့ အိမ်ထောင်ရေး Life လေးနဲ့ စိတ်ချမ်းသာနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကို နားလည်ဖို့အတွက် ပရိသတ်တွေအတွက် ဗဟုသုတရစရာ စာသားလေးတွေကို ပြန်လည်မျှဝေပေးလာခဲ့ပါတယ် ။

 

 


ယောက်ျားဖောက်ပြန်ရင် မိန်းမက ခွင့်လွှတ်ပေးဖို့ရွေးချယ်တယ် မိန်းမဖောက်ပြန်ရင်ယောကျ်ား ကွာရှင်းဖို့ရွေးချယ်တယ်ယောက်ျားတစ်ယောက် အိပ်ယာထဲဖျားပီးလဲနေရင် သူ့ကိုပြုစုတဲ့သူက သူ့မိန်းမပဲဖြစ်လိမ့်မယ် မိန်းမတစ်ယောက် အိပ်ယာထဲဖျားပီးလဲနေရင် သူ့ကိုပြုစုတဲ့သူက သူမရဲ့ အမေဖြစ်နေဖို့များတယ်ယောက်ျား လေဖြတ်သွားရင်မိန်းမက ရူးမတတ်ဖြစ်နေပီးပြုစုလိမ့်မယ် မိန်းမလေဖြတ်သွားရင်ယောက်ျားကို မြင်တောင်မမြင်ရတော့ဘူး ဒါကြောင့် မိန်းမတစ်ယောက် ကျန်းမာဖို့ အရမ်းအရေးကြီးတယ် သိပ်လဲကြောက်ဖို့ကောင်းတဲ့ လက်တွေ့ဘဝတစ်ခုပဲဆေးရုံထဲမှာ လူကြီးအဖိုးကြီးတွေကို တွန်းလှည်းတွန်းပေးတာ များသောအားဖြင့်အဖွားကြီးတွေဖြစ်လိမ့်မယ် ဒါပေမဲ့ အဖွားကြီးတွေကို တွန်းလှည်းတွန်းပေးတာ များသောအားဖြင့်သမီး ဒါမှမဟုတ် nurse တွေဖြစ်လိမ့်မယ်

 

လက်တွေ့ဘဝဟာ တခါတလေ လက်မခံနိုင်ချင်စရာကောင်းလောက်အောင်ကို ရက်စက်လွန်းတယ် ဒါကြောင့် မိန်းမတစ်ယောက် ကိုယ့်ကိုယ် ချစ်ပါ ကိုယ့်ကိုယ် တန်ဖိုးထားပါ ဒီလောကကြီးမှာ မိမိသာလျှင် တန်ဖိုးအရှိဆုံးပါ ဆိုတဲ့စာသားလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

Source : Chaw Yadanar
Emily ( Cele Zone)