ရင့်ကျက်လာတယ်လို့ထင်ရပေမယ့် အထီးကျန်နေရတဲ့အကြောင်းကိုဖွင့်ဟလာတဲ့ မေမီကိုကို

Posted on

မေမီကိုကို ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကနေ ပရိသတ်အားပေးမှုရရှိလာခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်သလို ” ပျားရည်အိုင် ” ဇာတ်လမ်းတွဲမှာ မြိုင်ဆိုတဲ့ ဗီလိန်ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးမှုရရှိခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ ။မကြာသေးမီက ” လိပ်ပြာနှောင်ကြိုး ” ဇာတ်လမ်းတွဲမှာ ဂျူရီဆိုတဲ့ သရဲမလေးနေရာကနေ သရုပ်ဆောင်ထားပြီး ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တာပါ ။ ပရိသတ်ချစ်ရတဲ့ မေမီကိုကိုလေးကတော့ လတ်တလောမှာ သူမရဲ့ ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ် ။

 

 

ရင့်ကျတ်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေလား? မဟုတ်ဘူး အ ဖြေ က ဆိုတဲ့စာသားလေးနဲ့အတူ သူမ အထီးကျန်နေရကြောင်း ဖွင့်ဟထားတဲ့ ဗီဒီယိုလေးတစ်ခုကိုလည်း ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကတော့ သူမရဲ့ ဗီဒီယိုလေးကြောင့် ထပ်တူခံစားရကြောင်းနဲ့ စာသားတွေ ရင်ကိုထိရှကြောင်းမှတ်ချက်လေးတွေပေးထားကြတာတွေ့ရပါတယ် ။ မြိုင့်ရဲ့ခံစားချက်လေးတွေက လူလတ်ပိုင်း ပရိသတ်တွေရဲ့ခံစားချက် တွေနဲ့ထပ်တူကျခဲ့ဟန်တူပါတယ်နော် ။

 

 

ကိုယ့်ကိုယ်ကို ရင့်ကျက်တယ်လို့ထင်နေပေမယ့် တကယ်တမ်းအထီးကျန်နေရတဲ့ ပရိသတ်တွေအတွက် အားလုံးရင်ထဲ ထိရှသွားစေမယ့် မေမီကိုကိုရဲ့ ဗီဒီယိုလေးကို CeleZone မှပြန်လည်မျှဝေပေးလိုက်ပါတယ် ။ မေမီကို ချစ်တဲ့ Cele Zone ပရိသတ်ကြီးကလည်း သူမအတွက် အားပေးစကားလေးတွေပြောခဲ့ပါဦးနော် ။

Source : May Mi Ko Ko
Emily ( Cele Zone )