ထဘီရင်လျားလေး၀တ်ပြီးတော့ ရွှေစက်တော်မှာ ရေကစားရင်းပျော်ရွှင်နေတဲ့ အေးမြတ်သူ

Posted on

ပရိသတ်တွေရဲ့ အချစ်တော်လေးအေးမြတ်သူဟာဆိုရင် ဒီရက်ပိုင်းမှာ ခရီးလေးတွေကိုအတော်လေးထွက်ဖြစ်နေတာတွေ့ရပါတယ်နော်။ သူမဟာ လတ်တလောမှာ မြန်မာပြည့်အနှံ့က သာယာလှပတဲ့နေရာလေးအချို့ကို သွားရောက်နေခဲ့တာပဲဖြစ်ပြီးတော့ အခုတစ်ခါမှာလည်းရွှေစက်တော်ကိုရောက်ရှိလို့နေပြန်ပါပြီနော်။ သူမဟာ ရွှေစက်တော်မှရေကစားရင်းပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို သူမရဲ့ ချစ်ပရိသတ်တွေကို မျှဝေပေးထားတာကိုလည်းတွေ့ရပြန်ပါတယ်။

 

အေးမြတ်သူဟာ ပအိုဝ်းမြို့လေးတစ်မြို့ဖြစ်တဲ့ ဟိုပုံးမြို့လေးကနေ ပြီးတော့ သူမရဲ့ စိတ်၀င်စားစရာကောင်းတဲ့ ခရီးလေးကို အစပြုခဲ့တာလည်းဖြစ်ပါတယ်။ ဟိုပုံးကရိုးရာယဉ်ကျေးမှု ရှင်ပြုပွဲလေးမှာလည်း ကွမ်းတောင်ကိုင်မလေးအဖြစ်ကုသိုလ်ယူခဲ့ပြီးတဲ့နောက်မှာတော့ လာရှိုးကိုခရီးဆက်ခဲ့ပြန်ပါတယ်။ လာရှိုးမှာလည်း ပေါ်တော်မူရှန်ခိုက်ဘုရားပွဲကြီးနဲ့ ကြုံဆုံခဲ့ရတဲ့အတွက် အိန္ဒိယသူလေးလို၀တ်ကာ ပါ၀င်ဆင်နွှဲခဲ့ပါသေးတယ်။

 

 

အခု‌အချိန်မှာတော့ ရွှေစက်တော်ကိုရောက်ရှိနေခဲ့တာပဲဖြစ်ပြီးတော့ ထဘီရင်လျားလေး၀တ်ပြီး ရေကစားနေတဲ့ သူမရဲ့ ပုံရိပ်လှလှလေးတွေကို လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင်သူမက မင်းဘူးဟာ သူမအဖွားရဲ့မွေးရပ်မြေဖြစ်ကြောင်းကို ” ဒီရက်ပိုင်း …ရွှေစက်တော်ဘုရားဖူးရာသီစပြီရှင့်….အဖွား ကမင်းဘူးသူ စစ်စစ်ပေမယ့် …ရန်ကုန်မှာမွေးတဲ့ မမြတ်လေး က ရန်ကုန်သူဖြစ်သွားတော့ ..ရွှေစက်တော် ကို …ငယ်ငယ်တုန်းက မောင်နှမတွေစုံစုံရောက်ဖူးတာရှင့်…ဘုရားဖူးရာသီအစဆိုတော့. ဘုရားဖူးတွေတအားမများသေးတော့လူရှင်းပြီး….လွတ်လပ်နေသေးတယ်ရှင့်….ထမိန်ရင်လျားနဲ့မို့ အမြင်မသင့်တော်ဘူးဆိုရင် ….တောင်းပန်ပါတယ် … စကားမစပ်:::: ပုံလေးတွေတင်တာ သဝန်တိုပေမယ့်အလိုက်တသိနဲ့လိုက်လျောပေးတဲ့ချစ်သူ …အရမ်းချစ်တယ်ရှင့်…..” ဆိုပြီးတော့ သူမကို ဒီလိုရင်လျားလေးနဲ့ ပုံလှလှလေး‌တင်ခွင့်ပေးခဲ့တဲ့ ချစ်သူကိုလည်းကျေးဇူးတင်‌စကားလည်းဆိုထားတာကိုတွေ့ရပါတယ် CeleZoneချစ်ပရိသတ်ကြီးရေ….

 

 

Source : Aye Myat Thu
Steven : CeleZone

( Zawgyiဖြင့်ဖတ်ရန်။ )

 



