တက်ညီလက်ညီနဲ့ကြည်နူးစရာကောင်းတဲ့ မိသားစုအလှူလေးကိုပြုလုပ်ပြီး ကုသိုလ်ယူခဲ့ကြတဲ့ စိုးညီအမများ

Posted on

ချစ်ပရိသတ်တို့ရေ… အနုပညာလောကမှာ ကိုယ်ပိုင်ဟန် အသီးသီးနဲ့အောင်မြင်ကျော်ကြားခဲ့ကြတဲ့ စိုးညီအမတွေကို မသိတဲ့သူမရှိပါဘူးနော်။ သူမတို့ဟာ တစ်ယောက်တမျိုးစီထူးခြားတဲ့အလှတွေကိုပိုင်ဆိုင်ထားကြတဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေလည်းဖြစ်ပါတယ်။ ဒါ့အပြင်အခုဆိုရင် သူမတို့ဟာ ညီအမတွေစုပေါင်းပြီး မင်းသမီးပိုးထည်တိုက်ကိုလည်း ဖွင့်လှစ်ထားခဲ့ပါတယ်။

 

သူမတို့ဟာ အခုနောက်ပိုင်းမှာဆိုရင် ညီအမတွေစုံတာနဲ့ အလှူအတန်းလေးတွေကို လုပ်ဖြစ်တာ တိုင်ပင်ဖြစ်တာကများပါတယ်။ ဒါကြောင့်ဒီတစ်ခါမှာလည်း မင်းသမီးပို့ထည်တိုက်က စိုးညီအမတွေစုပေါင်းပြီးတော့ သစ်တံခါးဆရာတော်ထံမှာ ဆွမ်းကပ်အလှူလေးတစ်ခုကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအလှူလေးကိုတော့ ညီမဖြစ်သူစန္ဒီမြင့်လွင်ဟာ သူမရဲ့ ချစ်ခင်ပွန်းရယ် သမီးလေးရယ်နဲ့အတူ ပျော်ရွှင်စွာပါ၀င်ခဲ့တာပဲဖြစ်ပြီးတော့ (၇)ရက်သားသမီးတွေအတွက်ရည်စူးလှူဒါန်းဖြစ်ခဲ့ပါတယ်နော်။

 

 

စန္ဒီမြင့်လွင့်ဟာ လက်ရှိမှာဆိုရင်အရမ်းကို ချစ်ဖို့ကောင်းတဲ့ သမီးလေး ခင်လင်းထင်ကိုပိုင်ဆိုင်ခွင့်ရရှိထားတဲ့မိခင်တစ်ယောက်ဖြစ်လို့နေပါပြီနော်။ အိမ်ထောင်ကျပြီးတဲ့နောက်မှာ သီချင်းအသစ်တွေအရမ်းမထွက်ဖြစ်တော့ပေမယ့် လက်ရှိမှာတော့ အသည်းနာဆိုတဲ့ MVအသစ်လေး တစ်ခုထွက်ရှိထားပါတယ်။ ကဲ… စန္ဒီမြင့်လွင်တစ်ယောက် ချစ်ခင်ပွန်းနဲ့သမီးလေးအပါအ၀င် စိုးညီအမတွေနဲ့အတူ စုပေါင်းဒါနပြုခဲ့တဲ့ ဆွမ်းကပ်အလှူကပုံရိပ်လေးတွေကို CeleZoneချစ်ပရိသတ်တွေ ကြည်နူးသာဓုခေါ်နိုင်ဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

 

 

Source : Sandy Myint Lwin
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

တက္ညီလက္ညီနဲ႔ၾကည္ႏူးစရာေကာင္းတဲ့ မိသားစုအလႉေလးကိုျပဳလုပ္ၿပီး ကုသိုလ္ယူခဲ့ၾကတဲ့ စိုးညီအမမ်ား

 


ခ်စ္ပရိသတ္တို႔ေရ… အႏုပညာေလာကမွာ ကိုယ္ပိုင္ဟန္ အသီးသီးနဲ႔ေအာင္ျမင္ေက်ာ္ၾကားခဲ့ၾကတဲ့စိုးညီအမေတြကို မသိတဲ့သူမရွိပါဘူးေနာ္။ သူမတို႔ဟာ တစ္ေယာက္တမ်ိဳးစီထူးျခားတဲ့အလွေတြကိုပိုင္ဆိုင္ထားၾကတဲ့ ဒိတ္ဒိတ္ႀကဲအႏုပညာရွင္ေတြလည္းျဖစ္ပါတယ္။ ဒါ့အျပင္အခုဆိုရင္ သူမတို႔ဟာ ညီအမေတြစုေပါင္းၿပီး မင္းသမီးပိုးထည္တိုက္ကိုလည္း ဖြင့္လွစ္ထားခဲ့ပါတယ္။

သူမတို႔ဟာ အခုေနာက္ပိုင္းမွာဆိုရင္ ညီအမေတြစုံတာနဲ႔ အလႉအတန္းေလးေတြကို လုပ္ျဖစ္တာ တိုင္ပင္ျဖစ္တာကမ်ားပါတယ္။ ဒါေၾကာင့္ဒီတစ္ခါမွာလည္း မင္းသမီးပို႔ထည္တိုက္က စိုးညီအမေတြစုေပါင္းၿပီးေတာ့ သစ္တံခါးဆရာေတာ္ထံမွာ ဆြမ္းကပ္အလႉေလးတစ္ခုကိုျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီအလႉေလးကိုေတာ့ ညီမျဖစ္သူစႏၵီျမင့္လြင္ဟာ သူမရဲ႕ ခ်စ္ခင္ပြန္းရယ္ သမီးေလးရယ္နဲ႔အတူ ေပ်ာ္႐ႊင္စြာပါ၀င္ခဲ့တာပဲျဖစ္ၿပီးေတာ့ (၇)ရက္သားသမီးေတြအတြက္ရည္စူးလႉဒါန္းျဖစ္ခဲ့ပါတယ္ေနာ္။

စႏၵီျမင့္လြင့္ဟာ လက္ရွိမွာဆိုရင္အရမ္းကို ခ်စ္ဖို႔ေကာင္းတဲ့ သမီးေလး ခင္လင္းထင္ကိုပိုင္ဆိုင္ခြင့္ရရွိထားတဲ့မိခင္တစ္ေယာက္ျဖစ္လို႔ေနပါၿပီေနာ္။ အိမ္ေထာင္က်ၿပီးတဲ့ေနာက္မွာ သီခ်င္းအသစ္ေတြအရမ္းမထြက္ျဖစ္ေတာ့ေပမယ့္ လက္ရွိမွာေတာ့ အသည္းနာဆိုတဲ့ MVအသစ္ေလး တစ္ခုထြက္ရွိထားပါတယ္။ ကဲ… စႏၵီျမင့္လြင္တစ္ေယာက္ ခ်စ္ခင္ပြန္းနဲ႔သမီးေလးအပါအ၀င္ စိုးညီအမေတြနဲ႔အတူ စုေပါင္းဒါနျပဳခဲ့တဲ့ ဆြမ္းကပ္အလႉကပုံရိပ္ေလးေတြကို CeleZoneခ်စ္ပရိသတ္ေတြ ၾကည္ႏူးသာဓုေခၚႏိုင္ဖို႔ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္…