ပရိသတ်တွေ အထင်လွဲစရာ လုပ်ရပ်မျိုးမလုပ်ဖို့ပိုင်တံခွန်ကို သတိပေးလိုက်တဲ့ ကောင်းမြတ်စံ

Posted on

ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ MRTV-4ရဲ့ မင်းသားချောလေး ကောင်းမြတ်စံကိုပရိတ်သတ်ကြီးသိပြီးသားနေမှာပါနော်။ “The sign of Love”ဇာတ်လမ်းတွဲလေးနဲ့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပြီး မိန်းကလေး ပရိသတ်တွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းခံရတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားချောလေးတစ်ယောက်ပါ ။ သူ့ရဲ့ထူးခြားမှုကတော့ ပါးချိုင့်လေးတွေနဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့အပြုံးတွေအောက်မှာ ကျဆုံးသွားတဲ့ ပျိုပျိုမေတွေကလည်း ထုနဲ့ထေးပါ ။

 

လတ်တလောမှာတော့ ကောင်းမြတ်စံတစ်ယောက် မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ လူသိများ ကျော်ကြားနေတဲ့ ညို့အားပြင်းတဲ့မင်းသားချောလေး ပိုင်တံခွန်ကို စနောက်ပြီး ပို့စ်တစ်ခု တင်ခဲ့ပါတယ် ။ ပိုင်တံခွန်ရေ….. အဲ့လောက်မကြည့်နဲ့ဟ ပရိတ်သတ်တွေ အထင်လွဲလိမ့်မယ် ဆိုတဲ့စာသားနဲ့အတူ ကောင်းမြတ်စံတစ်ယောက် သူ့ကိုစိုက်ကြည့်နေတဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်လေးကို တင်ပြီး ဆေးထိုးလိုက်တာပါ ။

 


ပရိသတ်တွေကတော့ ထုံးစံအတိုင်း ပိုင်တံခွန်ကိုစနောက်ပြီး အမြဲလိုလို မင်းသားတစ်ယောက်ယောက်နဲ့ Ship ပေးနေကြဆိုတော ပရိသတ်မ Ship ပေးခင် ကောင်းမြတ်စံတစ်ယောက်လက်ဦးသွားတာပါ ပရိသတ်ကြီးရေ…။ ပရိသတ်ကြီးအထင်လွဲစရာဖြစ်စေမယ့် ပုံလေးတွေကိုလည်း Cele Zone ကပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Kaung Myat San
Emily ( Cele Zone)