ပရိသတ်တွေအံ့သားသင့်သွားစေမယ့် မေးရိုးနဲ့ရင်သားခွဲစိတ်တဲ့ နေခြည်ဦးရဲ့ ဒုတိယ ဗီဒီယိုဖိုင်

Posted on

Wow လုံးဝအမေးဇင်းပဲCele Zone ပရိသတ်ကြီးရေ .. ပြီးခဲ့တဲ့နေ့က ပရိသတ်တွေကိုအသည်းတယားယားဖြစ်အောင် နေခြည်ဦးတစ်ယောက် သူမရဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်တဲ့ ပထမပိုင်း Video လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ သူမ ခွဲစိတ်မှုတစ်ခုပြုလုပ်တိုင်း အမြဲတမ်း ပရိသတ်တွေကိုမျှဝေပေးနေကြဖြစ်တဲ့ အတွက် ဒီတစ်ခေါက် ဒုတိယပိုင်းမှာရော သူမရဲ့ ခွဲစိတ်မှုကရော ဘယ်လိုအတွေ့ကြုံတွေ နဲ့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြပြီထင်ပါတယ် ။

 

 

နေခြည်က သူမရဲ့ ရင်သားနဲ့မေးရိုးခွဲစိတ်မှု ပထမဆုံးနေ့ အတွေ့ကြုံလေးတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုလေး ကို သူမရဲ့ Youtube ကနေတဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့ပြီး မြန်မာနိုင်ငံက စတင်ထွက်ခွာတဲ့နေ့ကစပြီး ဆေးရုံမှာ ဆရာဝန်တွေနဲ့ ဆွေးနွှေးမှုတွေ ၊ ကျန်းမာရေး စစ်ဆေးချက် တွေပြုလုပ်မှုတွေ နဲ့ တစ်စုံတစ်ခုအမှားယွင်းဖြစ်သွားခဲ့ရင် လူနာဘက်က တာဝန်ယူပါမယ် ဆိုတဲ့ သဘောတူ လက်မှတ်ရေးထိုးရမှုတွေ အစရှိတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရဲ့ ဆေးရုံမှာ ခွဲစိတ်ခဲ့တဲ့ သူမရဲ့ အတွေ့ကြုံတွေကို ပထမပိုင်းအနေနဲ့တင်ဆက်အပြီးမှာတော့ ဒုတိယပိုင်း ဗီဒီယိုလေးကို ထပ်မံမျှဝေလိုက်တာပါ ။

 

 

ခွဲစိတ်ပြီးနောက်ပိုင်း ယောင်နေတဲ့ပါးနဲ့ ပါးစပ်သိပ်မဟ နိုင်သေးပေမယ့် အတတ်နိုင်ဆုံး သူမရဲ့နာကျင်မှုတွေနဲ့ အစားသောက်စားရပုံတွေ ၊ ဆေးသောက်ချိန်တွေကို ဒုတိယပိုင်းမှာ ထပ်မံမျှဝေထားတာပါ ။ ခွဲစိတ်ပြီး (၉) ရက်မြောက်နေ့မှာတော့ နေခြည်တစ်ယောက် ကိုရီးယားမြို့ကိုလျှောက်လည်ပြီး လျှောက်စားနေတဲ့ အမှတ်တရတွေကိုလည်း ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ် ။ချီချီရဲ့ ခွဲစိတ်မှု ဗီဒီယိုလေးကို စောင့်ဆိုင်းနေကြတဲ့ Cele Zone ချစ်ပရိသတ်တွေအတွက် ဒုတိယပိုင်း ခွဲစိတ်မှု ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Chi Oo
Emily ( Cele Zone)\