ရင်ထဲထိမယ့် သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်ဆီအရောက်ပို့လိုက်တဲ့ ဖြိုးမြတ်အောင်

Posted on

ကိုဖြိုးလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင်တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေတခဲနက်အားပေးမှုနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာ ရလာခဲ့တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်ပါ ။ ကိုဖြိုးကို အားပေးကြတဲ့ဖန်တွေရဲ့ ဝန်းရံမှုကတော့ ကြောက်ခမမ်းလိလိပါပဲ ပရိသတ်ကြီးရေ ..။ ကိုဖြိုးရဲ့ ပထမဆုံးတေးစီးရီးရောင်းချပွဲမှာတင် နာရီဝက်အတွင်း အခွေတွေအားလုံး ရောင်းကုန်သွားတဲ့ အထိ စံချိန်ချိုးခဲ့တာပါ ။

 

 

လတ်တလောမှာတော့ ဖြိုးမြတ်အောင် တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာခွေ ထဲက သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေကို အမြည်းအနေနဲ့ မျှဝေပေးလာခဲ့ပါတယ် ။ သီချင်းနာမည်လေးကတော့ သူမနဲ့ကျွန်တော်ရဲ့အတ္ထုပ္ပတ္တိ ဖြစ်ပြီး ကိုဖြိုးကိုယ်တိုင် ရေးစပ်သီဆိုထားတာဖြစ်ပါတယ် ။ ငွေကြေးတွေ ဂုဏ်တွေမရှိတဲ့ သူတစ်ယောက်က ငွေကြေးတွေ ဂုဏ်တွေရှိပြီး ရုပ်ရည် လှပတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အကြောင်းကို ရေးစပ်သီကုံးထားတာဖြစ်ပြီး ပရိသတ်တွေကတော့ အရမ်းကိုနှစ်ခြိုက်သဘောကျနေကြတာဖြစ်ပါတယ် ။

 

ကိုယ်ပိုင်ကံကြမ္မာဆိုတဲ့ ခွေလေးကလည်း အားလုံးရသတမျိုးစီကောင်းတယ်လို့ ပရိသတ်တွေကလည်း မှတ်ချက်တွေပေးပြီး ဝန်းရံနေကြတာတွေ့ရပါတယ် ။ ပရိသတ်တွေကတော့ တပုဒ်ထွက်ရင် တစ်ပုဒ်ဆိုသလို တခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပြီး ကိုဖြိုးရဲ့နောက်ထပ် သီချင်းသစ်တွေကိုလည်းမျှော်လင့်နေကြပါတယ် ။ Cele Zone ပရိသတ်ကြီးအတွက်လည်း ကိုဖြိုးရဲ့ သူမနဲ့ကျွန်တော်ရဲ့အတ္ထုပ္ပတ္တိ လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Phyo Myat Aung
Emily ( CeleZone)