ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းအဖြစ် အောင်ဆန်းရုပ်ရှင်ဇာတ်ကားမှာ မြင်တွေ့ရမယ့် ဒါရိုက်တာ ညိုမင်းလွင်

မြန်မာရုပ်ရှင် သမိုင်းမှာ ထူးခြားတဲ့ ဖန်တီးမှုတွေကို အရဲစွန့်ပြီး ရိုက်ကူးနေတဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ညိုမင်းလွင်က ပရိသတ်တွေရဲ့ အားပေးမှုကြမ်းသလို ‌ဝေဖန်မှုတွေလည်း များစွာရှိခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သိပ္ပံဇာတ်ကားကြီးကို ရိုက်ကူးပြီးချိန်မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေမြှင့်တက်ခဲ့ပြီး လက်ရှိမှာလည်း လူမှုကွန်ရက် စာမျက်နှာထက်မှာ နာမည်ကြီးနေတဲ့ သရဲဇာတ်လမ်းလေးဖြစ်ခဲ့တဲ့ မြမြရဲ့ အကြောင်းကို ရိုက်ကူးဖို့အတွက် ကြိုးစားနေတာကို မြင်တွေ့ရမှာပါ။

ဒါရိုက်တာတစ်ယောက်ရဲ့ အရည်အချင်းတွေအပြည့်အဝရှိရုံသာမက တီထွင်ဖန်တီးမှုတွေက အရမ်းကို ဆန်းသစ်တာကြောင့် အမာခံပရိသတ်အခိုင်အမာရှိတဲ့ ဒါရိုက်တာတစ်ဦးပါ။ သရဲဇာတ်လမ်းတွေကို အကောင်းဆုံး ထိထိမိမိနဲ့ ပရိသတ်တွေကို ရိုက်ပြတတ်တဲ့ ဒါရိုက်တာ ညိုမင်းလွင်က ကိုယ်တိုင်သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရတဲ့ အောင်ဆန်း ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုကတော့ မကြာခင်မှာ စတင်တော့မှာဖြစ်ပါတယ်။ အောင်ဆန်းရုပ်ရှင်ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း နေရာမှာ ဒါရိုက်တာ ညိုမင်းလွင်ကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒါရိုက်တာညိုမင်းလွင်ရဲ့ ဘယ်လိုပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမလဲဆိုတာကို CeleZone ပရိသတ်တွေနဲ့ ထပ်တူ ရင်ခုန်နေတာဖြစ်လို့ ဆက်လက်‌ စောင့်မျှော်အားပေးလိုက်ရအောင်နော်။

 

Source:Nyo Min Lwin

NORA:CeleZone

(Zawgyi ြဖင့်ဖတ်ရန်)

ေက်ာင္းသားေခါင္းေဆာင္ ကိုဗဟိန္းအျဖစ္ ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားမွာ ျမင္ေတြ႕ရမယ့္ ဒါ႐ိုက္တာ ညိဳမင္းလြင္

ျမန္မာ႐ုပ္ရွင္ သမိုင္းမွာ ထူးျခားတဲ့ ဖန္တီးမႈေတြကို အရဲစြန႔္ၿပီး ႐ိုက္ကူးေနတဲ့ ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ ညိဳမင္းလြင္က ပရိသတ္ေတြရဲ႕ အားေပးမႈၾကမ္းသလို ‌ေဝဖန္မႈေတြလည္း မ်ားစြာရွိခဲ့တဲ့ ဒါ႐ိုက္တာတစ္ဦးပါ။ ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆုံး သိပၸံဇာတ္ကားႀကီးကို ႐ိုက္ကူးၿပီးခ်ိန္မွာေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈေတြျမႇင့္တက္ခဲ့ၿပီး လက္ရွိမွာလည္း လူမႈကြန္ရက္ စာမ်က္ႏွာထက္မွာ နာမည္ႀကီးေနတဲ့ သရဲဇာတ္လမ္းေလးျဖစ္ခဲ့တဲ့ ျမျမရဲ႕ အေၾကာင္းကို ႐ိုက္ကူးဖို႔အတြက္ ႀကိဳးစားေနတာကို ျမင္ေတြ႕ရမွာပါ။

ဒါ႐ိုက္တာတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြအျပည့္အဝရွိ႐ုံသာမက တီထြင္ဖန္တီးမႈေတြက အရမ္းကို ဆန္းသစ္တာေၾကာင့္ အမာခံပရိသတ္အခိုင္အမာရွိတဲ့ ဒါ႐ိုက္တာတစ္ဦးပါ။ သရဲဇာတ္လမ္းေတြကို အေကာင္းဆုံး ထိထိမိမိနဲ႔ ပရိသတ္ေတြကို ႐ိုက္ျပတတ္တဲ့ ဒါ႐ိုက္တာ ညိဳမင္းလြင္က ကိုယ္တိုင္သ႐ုပ္ေဆာင္ပိုင္းမွာလည္း အရည္အခ်င္းရွိတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။

ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္ျခင္းကို ခံေနရတဲ့ ေအာင္ဆန္း ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးမႈကေတာ့ မၾကာခင္မွာ စတင္ေတာ့မွာျဖစ္ပါတယ္။ ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားရဲ႕ အဓိကဇာတ္ေကာင္တစ္ခုျဖစ္တဲ့ ေက်ာင္းသားေခါင္းေဆာင္ ကိုဗဟိန္း ေနရာမွာ ဒါ႐ိုက္တာ ညိဳမင္းလြင္ကို ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။ ဒါ႐ိုက္တာညိဳမင္းလြင္ရဲ႕ ဘယ္လိုပီျပင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို ျမင္ေတြ႕ရမလဲဆိုတာကို CeleZone ပရိသတ္ေတြနဲ႔ ထပ္တူ ရင္ခုန္ေနတာျဖစ္လို႔ ဆက္လက္‌ ေစာင့္ေမွ်ာ္အားေပးလိုက္ရေအာင္ေနာ္။