ဘုရားဖူးလာတဲ့ခရီးသွားတွေကို ရွှေမိုးငွေမိုးကြဲချပြီးအလှူဒါနပြုခဲ့ပြန်တဲ့ စမိုင်းလ်

Posted on

ချစ်ပရိသတ်‌တို့ရေ… တစ်ခေတ်တခါကတည်းက ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ မင်းသမီးချောလေး စမိုင်းဟာ အလှူအတန်းရက်ရောလွန်းလှတဲ့ ပရဟိတမင်းသမီးလေးပါနော်။ သူမဟာ မကြာခဏဆိုသလို မိသားစုနဲ့အတူ အလှူကြီး‌တွေပေးပြီးတော့ အကူအညီလိုအပ်နေတဲ့သူတွေကို  အယုတ်အလတ်အမြတ်မရွေး လှူဒါန်းတတ်ပါသေးတယ်။

ဒီလိုစိတ်ကောင်းနှလုံကောင်းရှိတဲ့ မင်းသမီးချောလေးမို့ သူမဟာ မကြာခင်ကပဲ မြန်မာတစ်နိုင်ငံလုံး ဆိုင်ရာ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ဂုဏ်‌ထူးဆောင် သံတမန်ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါ ‌ကြောင့်လည်းသူမရဲ့ smiley လေးတွေက သူမအတွက်ဂုဏ်ယူမဆုံးဖြစ်နေခဲ့ကြရပါတယ်။ လတ်တလောမှာတော့ Smileဟာ သူမရဲ့မိသားစု‌၀င်တွေနဲ့အတူ ကျိုက်ထီးရိုးစေတီကိုဘုရားဖူးရောက်ရှိလို့နေခဲ့ပါတယ်နော်။

ကျိုက်ထီးရိုးဘုရားလည်းရောက်တုန်း ဘုရားလည်းဖူးရင်းနဲ့ အလှူလေးတစ်ခုလည်းလုပ်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ ဘုရားဖူးလာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေကို ရွှေမိုးငွေမိုးကြဲပြီး ဒါနအလှူပြုခဲ့တာပဲဖြစ်ပါတယ်။ မိသားစုလိုက် ဘုရားရင်ပြင်‌ပေါ်မှာပဲ အလှူလေးကိုတစ်နိုင်တစ်ပိုင်လုပ်ခဲ့တာဖြစ်လို့ ခရီးသွားတွေနဲ့ကြိတ်ကြိတ်တိုးစည်းကားနေခဲ့ပါတယ်။ ကဲ… အလှူရေစက်လက်နဲ့မကွာတဲ့ စမိုင်းလ်တစ်ယောက် ကျိုက်ထီးရိုးဘုရားမှာ ရွှေမိုးငွေမိုးကြဲခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်‌နော်…

Source : စမိုင်းလ် Smile
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ဘုရားဖူးလာတဲ့ခရီးသြားေတြကို ေ႐ႊမိုးေငြမိုးႀကဲခ်ၿပီးအလႉဒါနျပဳခဲ့ျပန္တဲ့ စမိုင္းလ္

 

ခ်စ္ပရိသတ္‌တို႔ေရ… တစ္ေခတ္တခါကတည္းက ပရိသတ္ေတြရဲ႕ အသည္းေက်ာ္ျဖစ္ခဲ့တဲ့ မင္းသမီးေခ်ာေလး စမိုင္းဟာ အလႉအတန္းရက္ေရာလြန္းလွတဲ့ ပရဟိတမင္းသမီးေလးပါေနာ္။ သူမဟာ မၾကာခဏဆိုသလို မိသားစုနဲ႔အတူ အလႉႀကီး‌ေတြေပးၿပီးေတာ့ အကူအညီလိုအပ္ေနတဲ့သူေတြကို အယုတ္အလတ္အျမတ္မေ႐ြး လႉဒါန္းတတ္ပါေသးတယ္။

ဒီလိုစိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့ မင္းသမီးေခ်ာေလးမို႔ သူမဟာ မၾကာခင္ကပဲ ျမန္မာတစ္ႏိုင္ငံလုံး ဆိုင္ရာ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရးအသင္းရဲ႕ ဂုဏ္‌ထူးေဆာင္ သံတမန္ဘြဲ႕ကို ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။ ဒါ ‌ေၾကာင့္လည္းသူမရဲ႕ smiley ေလးေတြက သူမအတြက္ဂုဏ္ယူမဆုံးျဖစ္ေနခဲ့ၾကရပါတယ္။ လတ္တေလာမွာေတာ့ Smileဟာ သူမရဲ႕မိသားစု‌၀င္ေတြနဲ႔အတူ က်ိဳက္ထီး႐ိုးေစတီကိုဘုရားဖူးေရာက္ရွိလို႔ေနခဲ့ပါတယ္ေနာ္။

က်ိဳက္ထီး႐ိုးဘုရားလည္းေရာက္တုန္း ဘုရားလည္းဖူးရင္းနဲ႔ အလႉေလးတစ္ခုလည္းလုပ္ခဲ့ပါေသးတယ္။ အဲ့ဒါကေတာ့ ဘုရားဖူးလာေရာက္ၾကတဲ့ ခရီးသြားဧည့္သည္ေတြကို ေ႐ႊမိုးေငြမိုးႀကဲၿပီး ဒါနအလႉျပဳခဲ့တာပဲျဖစ္ပါတယ္။ မိသားစုလိုက္ ဘုရားရင္ျပင္‌ေပၚမွာပဲ အလႉေလးကိုတစ္ႏိုင္တစ္ပိုင္လုပ္ခဲ့တာျဖစ္လို႔ ခရီးသြားေတြနဲ႔ႀကိတ္ႀကိတ္တိုးစည္းကားေနခဲ့ပါတယ္။ ကဲ… အလႉေရစက္လက္နဲ႔မကြာတဲ့ စမိုင္းလ္တစ္ေယာက္ က်ိဳက္ထီး႐ိုးဘုရားမွာ ေ႐ႊမိုးေငြမိုးႀကဲခဲ့တဲ့ အမွတ္တရပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္‌ေနာ္…