ဆရာလေးငယ်ငယ်လေးတွေကို ၀တ္ထု‌ငွေလေးတွေကပ်ရင်းနဲ့ ကြည်နူးမဆုံးဖြစ်နေတဲ့ အေးမြတ်သူရဲ့ဗီဒီယိုဖိုင်

Posted on

ရယ်လိုက်တိုင်း ပါးချိုင့်လှလှလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ခုန်သံတွေကို သိမ်းပိုက်နေခဲ့တဲ့ မင်းသမီးချောလေးအေးမြတ်သူဟာ ဒီရက်ပိုင်းမှာဆိုရင် အရမ်းကိုသာယာလှပတဲ့ လားရှိုးမြို့လေးကိုအလည်အပတ်ရောက်ရှိလို့နေခဲ့ပါတယ်။ ‌အေးမြတ်သူဟာ အလှူအတန်းဝါသနာပါသူလေးပီပီ သူမရောက်နေတဲ့ လာရှိုးမြို့မှာအလှူအတန်းလေးလုပ်ရင်းနဲ့ ပျော်နေခဲ့တာကိုတွေ့ရပါတယ်။

သူမဟာ လားရှိုးမတိုင်ခင်က ပအိုဝ်းမြို့လေးတစ်မြို့ဖြစ်‌တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက နာမည်ကျော်ဟိုပုံးမြို့လေးကိုရောက်ရှိခဲ့ပါသေးတယ်။ ရောက်တဲ့နေရာမှာ အဆင့်သင့်သလို ကုသိုလ်ကောင်းမှုပြုတတ်သူလေးဖြစ်လို့ ပအိုဝ်းတိုင်းရင်သားတွေကျင်းပတဲ့ ရိုးရာရှင်ပြုအလှူပွဲလေးမှာလည်း ကွမ်းတောင်ကိုင်လေးအဖြစ်နဲ့လုပ်အားဒါနလေးပြုကာ ပါ၀င်ကုသိုလ်ယူခဲ့ပါသေးတယ်။ သူမဟာ လက်ရှိမှာဆိုရင် လာရှိုးက ပေါ်တော်မူရှန်ခိုက်ဘုရားပွဲတော်ကြီးကိုပါ၀င်ဆင်နွှဲနေခဲ့တာပဲဖြစ်ပါတယ်။

ဘုရားပွဲလည်းလာရင်းနဲ့ သီလရှင်ဆရာလေးငယ်ငယ်လေးတွေကို ၀တ္ထုငွေလေးတွေကပ်ရင်း တစ်နိုင်တစ်ပိုင်းအလှူဒါ‌နလေးပြုခဲ့ပါတယ်နော်။ သူမဟာ ဆရာလေးတွေကို လှူရင်းနဲ့ကုသိုလ်ယူနေတဲ့ဗီဒီယိုဖိုင်လေးကိုတော့ ချစ်ရတဲ့ပရိသတ်တွေကို သူမရဲ့ကုသိုလ်လေးတွေမျှဝေပေးတဲ့အနေနဲ့ သာဓုခေါ်လို့ရအောင် လူမှုစာမျက်မှာပေါ်မှာဖော်ပြပေးထားခဲ့ပါတယ်။ ကဲ… ဒီတော့ အိန္ဒိယသူလေးလိုပြင်ဆင်ထားပြီးတော့ လာရှိုးမှာအလှူအတန်းတွေလုပ်နေတဲ့ အေးမြတ်သူရဲ့ ကြည်နူးဖွယ်ရာဗီဒီယိုဖိုင်လေးကို CeleZoneပရိသတ်တွေအတွက်အခုပဲမျှဝေပေးလိုက်ပါတယ်နော်။

Source : Aye Myat Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ဆရာေလးငယ္ငယ္ေလးေတြကို ၀တၳဳ‌ေငြေလးေတြကပ္ရင္းနဲ႔ ၾကည္ႏူးမဆုံးျဖစ္ေနတဲ့ ေအးျမတ္သူရဲ႕ဗီဒီယိုဖိုင္

 

ရယ္လိုက္တိုင္း ပါးခ်ိဳင့္လွလွေလးေတြနဲ႔ ပရိသတ္ေတြရဲ႕ ရင္ခုန္သံေတြကို သိမ္းပိုက္ေနခဲ့တဲ့ မင္းသမီးေခ်ာေလးေအးျမတ္သူဟာ ဒီရက္ပိုင္းမွာဆိုရင္ အရမ္းကိုသာယာလွပတဲ့ လားရႈိးၿမိဳ႕ေလးကိုအလည္အပတ္ေရာက္ရွိလို႔ေနခဲ့ပါတယ္။ ‌ေအးျမတ္သူဟာ အလႉအတန္းဝါသနာပါသူေလးပီပီ သူမေရာက္ေနတဲ့ လာရႈိးၿမိဳ႕မွာအလႉအတန္းေလးလုပ္ရင္းနဲ႔ ေပ်ာ္ေနခဲ့တာကိုေတြ႕ရပါတယ္။

သူမဟာ လားရႈိးမတိုင္ခင္က ပအိုဝ္းၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္‌တဲ့ ရွမ္းျပည္နယ္ေတာင္ပိုင္းက နာမည္ေက်ာ္ဟိုပုံးၿမိဳ႕ေလးကိုေရာက္ရွိခဲ့ပါေသးတယ္။ ေရာက္တဲ့ေနရာမွာ အဆင့္သင့္သလို ကုသိုလ္ေကာင္းမႈျပဳတတ္သူေလးျဖစ္လို႔ ပအိုဝ္းတိုင္းရင္သားေတြက်င္းပတဲ့ ႐ိုးရာရွင္ျပဳအလႉပြဲေလးမွာလည္း ကြမ္းေတာင္ကိုင္ေလးအျဖစ္နဲ႔လုပ္အားဒါနေလးျပဳကာ ပါ၀င္ကုသိုလ္ယူခဲ့ပါေသးတယ္။ သူမဟာ လက္ရွိမွာဆိုရင္ လာရႈိးက ေပၚေတာ္မူရွန္ခိုက္ဘုရားပြဲေတာ္ႀကီးကိုပါ၀င္ဆင္ႏႊဲေနခဲ့တာပဲျဖစ္ပါတယ္။

ဘုရားပြဲလည္းလာရင္းနဲ႔ သီလရွင္ဆရာေလးငယ္ငယ္ေလးေတြကို ၀တၳဳေငြေလးေတြကပ္ရင္း တစ္ႏိုင္တစ္ပိုင္းအလႉဒါ‌နေလးျပဳခဲ့ပါတယ္ေနာ္။ သူမဟာ ဆရာေလးေတြကို လႉရင္းနဲ႔ကုသိုလ္ယူေနတဲ့ဗီဒီယိုဖိုင္ေလးကိုေတာ့ ခ်စ္ရတဲ့ပရိသတ္ေတြကို သူမရဲ႕ကုသိုလ္ေလးေတြမွ်ေဝေပးတဲ့အေနနဲ႔ သာဓုေခၚလို႔ရေအာင္ လူမႈစာမ်က္မွာေပၚမွာေဖာ္ျပေပးထားခဲ့ပါတယ္။ ကဲ… ဒီေတာ့ အိႏၵိယသူေလးလိုျပင္ဆင္ထားၿပီးေတာ့ လာရႈိးမွာအလႉအတန္းေတြလုပ္ေနတဲ့ ေအးျမတ္သူရဲ႕ ၾကည္ႏူးဖြယ္ရာဗီဒီယိုဖိုင္ေလးကို CeleZoneပရိသတ္ေတြအတြက္အခုပဲမွ်ေဝေပးလိုက္ပါတယ္ေနာ္။