တရားအလှူပွဲမှာ နတ်လူသာဓုခေါ်စေမယ့် လုပ်အားဒါနလေးပြုကာ ကုသိုလ်ယူခဲ့တဲ့ဖြူဖြူထွေး

Posted on

Tik Tok ဆယ်လီလေးအဖြစ်ကနေ ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့ပြီးနောက် သရုပ်ဆောင်လောကထဲကို အခြေချ၀င်ရောက်လာခဲ့သူလေးကတော့ဖြူဖြူထွေးပဲဖြစ်ပါတယ်။ သူမဟာ သူမချစ်တဲ့အနုပညာအလုပ်တွေကို အရမ်းလည်းကြိုးစားပြီးတော့ ရိုးသားသူလေးတစ်ယောက်လည်းဖြစ်တာကြောင့် အားလုံးရဲ့ချစ်ခင်အားပေးမှုကိုတွေထိုက်ထိုက်တန်တန်ပိုင်ဆိုင်ထားခဲ့ရပါတယ်။

သူမဟာ မြန်မာ၀တ်စုံလေးတွေကို ၀တ်ရတာအရမ်းပဲနှစ်သက်ပြီးတော့ ဆံပင်ကို ဆံရစ်ဝိုင်းလေးထုံးကာမြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို မကြာခဏဆိုသလို၀တ်ဆင်တတ်တာကိုလည်းတွေ့ရပါတယ်နော်။ ဖြူဖြူထွေးဟာ မြန်မာမလေးပီပီ အလှူအတန်းလုပ်ရတာကိုလည်းအရမ်းပဲဝါသနာပါသူလေးတစ်ယောက်ပါ။ ဒကြောင့် သူမဘယ်ပဲရောက်ရောက်အမြဲတမ်း တနိုင်တပိုင်အလှူလေးပြုပြီး ကုသိုလ်လည်းယူတတ်ပါတယ်။

အခုလည်း သူမဟာ တရားအလှူပွဲလေးမှာ တစ်နိုင်တစ်ပိုင်ဒါနလေးပြုနေခဲ့တာကိုတွေ့ရပါတယ်နော်။ ဒီပွဲမှာဆိုရင် သူမက တရားပွဲလာပရိသတ်တွေကိုလည်း သူမကိုယ်တိုင် အအေးတွေကိုကဒ်လိုက်ပိုက်ပြီးတော့ အအေးပုလင်း လိုက်ကမ်းပေးရင်းနဲ့ လုပ်အားဒါနကုသိုလ်လည်းယူခဲ့ပါသေးတယ်။ ဒါအပြင်သူမက သူမရဲ့လူမှုစာမျက်ပေါ်ကနေ ” မင်းသာ တရားနာမယ်ဆိုရင် ဖြူဖြူထွေးက တရားအလှူတွေပဲ လုပ်ပေးမှာ ကဲ…ဘလိုလဲ?” ဆိုတဲ့ စာသားလေးနဲ့အတူ တရားအလှူပွဲကပုံရိပ်လေးတွေကို နတ်လူသာဓုခေါ်နိုင်အောင်မျှဝေပေးထားတာဖြစ်လို့ အခုပဲ CeleZoneချစ်ပရိသတ်တွေအတွက်ပြန်လည်း ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Phyu Phyu Htwe
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 



