မြေပဲယိုအဖွဲ့ရဲ့ အမိုက်စားသီချင်းတစ်ပုဒ်ပရိသတ်ဆီအရောက်ပို့တော့မယ့် မင်းမော်ကွန်း
Posted on
ပရိသတ်ကြီးရေ.. မအိုဆေးများစားထားသလားလို့ ပရိသတ်တွေအံ့သြနေရလောက်အောင် နုပျိုလွန်းတဲ့ ဝါရင့်သရုပ်ဆောင် မင်းမော်ကွန်းကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်စုကျော်အောင် အနုပညာအလုပ်တွေ လုပ်လာခဲ့ပေမယ့် ခုချိန်ထိ ပြောင်းလဲမသွားဘဲ နုပျို ချောမောနေဆဲမင်းသားတစ်ယောက်ပါ ။ အသက် (၄၀) အရွယ်မင်းသား လို့တောင်မထင်ရလောက်အောင် နောက်တက် မျိုးဆက်သစ် အနုပညာရှင်လူငယ်တွေ နဲ့မတိမ်းမယိမ်းလို့ထင်ရလောက်အောင်ထိ နုပျိုတဲ့မင်းသားတစ်လက်ပါ ။
သရုပ်ဆောင်အလုပ်အပြင် ဂီတကို ဝါသနာပါတဲ့မင်းမော်ကွန်းက မြေပဲယိုဆိုတဲ့ Band လေးတစ်ခုနဲ့အတူ တေးသီချင်းတွေကိုလည်း သီဆိုပါသေးတယ် ။ လတ်တလောမှာတော့ မင်းမော်ကွန်းတစ်ယောက် ပရိသတ်တွေကို မြေပဲယိုရဲ့ သီချင်းသစ်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ် ။ လက်ရှိ မြေပဲယိုအဖွဲ့လုပ်နေတဲ့ ငါ ငါ ငါ ဆိုတဲ့ အယ်လ်ဘမ်မှာ (၂၀၂၀) အတွက်ပရိသတ်ကို ထူးထူးခြားခြားလေး အမြည်းသဘောအနေနဲ့တင်ပေးခြင်းဖြစ်တယ်တဲ့ ။ သီချင်းနာမည်လေးကတော့ ဇာတ်သိမ်းလို့ အမည်ရပြီး ထူးခြားမှုတစ်ခုကတော့ ဒီသီချင်းလေးကို မင်းမော်ကွန်းရဲ့ညီ ကြည်သာဌေးလွင်ကိုယ်တိုင်ရေးသားထားတာဖြစ်တယ်လို့သိရပါတယ် ။
ဒီသီချင်းလေးကို ပရိသတ်တွေအတွက် တေးသံသာ app ကနေ မကြာခင် တင်ပေးတော့မှာဖြစ်တယ်လို့လည်းသိရပါတယ် ။ မြေပဲယိုရဲ့ သီချင်းသစ်တွေကို စောင်ေ့မျှာ်နေကြတဲ့ ပရိသတ်ကြီးကလည်း ဇာတ်သိမ်းဆိုတဲ့ သီချင်းလေး ထွက်လာရင် ပြန်လည်မျှဝေပေးဦးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော် ။
Source : Kyaw Kyaw Htay Lwin
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်
Emily ( Cele Zone)