ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ငါ၏အမိန့်ရုပ်ရှင်ကားကြီးမှာ ပါဝင်လာမယ့် ဒိတ်ဒိတ်ကြဲ (၃) ယောက်

Posted on

ပရိသတ်ကြီးရေ မကြာခင် ရုံတင်ပြသတော့မယ့် ငါ၏အမိန့်ရုပ်ရှင်ကားကြီးမှာ ဒိတ်ဒိတ်ကြဲမင်းသား မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ် ။ ငါ၏အမိန့်ရုပ်ရှင်ကားကြီးမှာ မြင့်မြတ် ၊ ထွန်းထွန်း ၊ မိုးဟေကို ၊ မေကဗျာနဲ့ နေမျိုးအောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ရုပ်ရှင်ပိုစတာမှာထဲက ပရိသတ်စိတ်ဝင်စားမှု ခံနေရတဲ့ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ် ။ ဒီရုပ်ရှင်ကားကြီးကတော့ အိမ်ကြီးတစ်အိမ်ထဲက မိသားစုသုံးဦးကြုံခဲ့ရတဲ့ည တစ် ည အကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ။

 

 

ခြောက်ခြားတုန်လှုတ်စရာတွေနဲ့ပြည့်နှက်နေတဲ့ ငါ၏အမိန့်ရုပ်ရှင်ကားကြီးဟာ ရုပ်ရှင်ပြသချိန် ( ၂ ) နာရီ အတွင်းအသည်းတယားယား နဲ့ အော်ဟစ်ပြီး ကြည့်ကြရမယ့်ရုပ်ရှင် ဖြစ်တယ်လို့သိရပါတယ် ။ ဘယ်သူ့ရဲ့အမိန့်ကို ဘယ်သူတွေက နာခံပြီး လွတ်မြောက်သွားနိုင်ပါ့မလဲ ၊ ရုပ်ရှင် ကြည့်နေရင်း ပရိသတ်ကပါ လွတ်မြောက်ဖို့ ဆုံးဖြတ်ချက် သေချာ ချနိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုသွားရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ။

 

 


အသည်း‌တအေးအေး အသည်းတယားယား နဲ့ ကြည့်ကြရမယ့် ” ငါ၏အမိန့် ” ရုပ်ရှင်ကားကြီးကို မတ်လ ( ၁၉ ) ရက်နေ့မှစပြီး မြန်မာတစ်ပြည်လုံးရုံတင်ပြသတော့မှာဖြစ်လို့ သည်းထိတ်ရင်ဖို ရုပ်ရှင်တွေကိုမှ နှစ်သက်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Source : ငါ၏အမိန့်ရုပ်ရှင်ကားကြီး
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 





Emily ( Cele Zone )