ဝေယျာဝစ္စဝိုင်းလုပ်ပေးကြတဲ့ အလုပ်သမားမိန်းကလေးတွေအတွက် အဝတ်စားတွေလှူခဲ့တဲ့ အိချောပို

Posted on

ပရိသတ်ကြီးရေ မင်းသမီးချော အိချောပိုကတော့ မြင်သူငေးတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ စင်တင်မင်းသမီးတစ်ဦးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့ပြီး ရုပ်ရှင်ကား ကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့မခြား သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အိချောပိုက ရုပ်ရှင်ကားကြီးတွေကို ပိုရိုက်ကူးလာသလို သူမရဲ့ သရုပ် ဆောင်စွမ်းရည်တွေကလည်း အံ့သြဖွယ်ကောင်းလောက်အောင် သဘာဝကျပီ ပြင်လာ တာ တွေ့ရပါတယ်။

 

 

သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်ထားကောင်းတဲ့ စူစူလေးက မကြာခဏဆိုသလို အလှူအတန်းတွေလည်း ပြုလုပ်တတ်ပါတယ် ။ လတ်တလောမှာတော့ နယ်မှာသီချင်းဆိုဖို့သွား မှာဖြစ်ပြီး လမ်းမှာရော ပွဲမှာဝေယျာဝစ္စဝိုင်းလုပ်ပေးကြတဲ့မိန်းကလေးတွေအတွက် မြန်မာအင်္ကျီဝမ်းဆက် အစုံ ၁၀၀ လှူဖို့စီစဉ်သွားတယ်လို့သိရပါတယ် ။ လူလည်းလှပြီး စိတ်ထားကောင်းတဲ့ စူစူလေးကိုတော့ ပရိသတ်တွေက ချီးကျူးစကားတွေ ဝေဆာနေအောင် မှတ်ချက်တွေပေးထားကြပါတယ် ။

 

 

ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ စူစူ လှူဒါန်းလိုက်တဲ့ ကုသိုလ်လေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်ပါတယ်။ Cele Zone ပရိသတ်တွေအတွက် စူစူလှူဒါန်းသွားမယ့် အလှူပစ္စည်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။ စူစူကိုချစ်တဲ့ ပရိသတ်တွေကလည်း စူစူအလှူလေးအတွက် သာဓုခေါ်ပေးကြပါဦးနော် ။

Source : Ei Chaw Po
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Ei Chaw Po
Emily ( Cele Zone)