လူဝင်စားမလေးလားလို့ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်လိုက်တဲ့ နန်းဆုရတီစိုး

Posted on

မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်လေးတွေထဲကတစ်ယောက်ဖြစ်တဲ့ ပရိသတ်အချစ် တော် နန်းဆုရတီစိုးက တော့ အဆိုပညာမှာလည်းထူးချွန် သရုပ်ဆောင်စွမ်းရည် တွေနဲ့ လည်းပြည့်စုံတဲ့ အနုပညာရှင်မင်းသမီးချောလေး ပဲဖြစ်ပါတယ်။ လှပတဲ့အသားရေနဲ့ အမိုက်စားခန္ဓာကိုယ် ကောက်ကြောင်းလေးတွေကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမလေးအလား ထင်မှတ်ရလောက်အောင် လှပနေသူလေးကတော့ ရှမ်းတရုတ်ကပြားမလေး နန်းဆုပါ ။ အချစ်ရေးအဆင်မပြေမှုတွေကနေ ရုန်းထွက်ပြီးနောက်မှာတော့ နန်းဆုတစ်ယောက် ခရီးတွေထွက်ရင်း အနုပညာအလုပ်တွေလုပ်ရင်းအချိန်ကုန်နေခဲ့ပါတယ် ။

 

 

လတ်တလောမှာတော့နန်းဆုတစ်ယောက် ပင်လယ်ကမ်းခြေတစ်ခုကို အလည်ပတ်ရောက်ရှိနေတာဖြစ်ပြီး သူမရဲ့ ချစ်စဖွယ် ကမ်းခြေရောက်ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ရေသူမဝင်စားတာများလား လို့ထင်မှတ်ရလောက်အောင် ပင်လယ်ကြီးရောက်ရင်အရမ်းတွေပျော်နေတယ်ဆိုတဲ့ စာသားလေးကိုလည်း နန်းဆုက ရေးသားထားပါသေးတယ် ။ နန်းဆုလေးကတော့ တကယ်ပဲ ရေသူမလေးဝင်စားထား သလား ထင်ရလောက်အောင် ကမ်းခြေရောက်တိုင်း အရမ်းကိုပျော်နေတော့တာပဲနော် ။

 

 

အစစရာရာပြီးပြည့်စုံပြီး ချစ်ဖို့ကောင်းတဲ့ အလှတွေပိုင်ဆိုင် ထားတဲ့အပြင် အနုပညာအလုပ်တွေမှာပါ အောင်မြင်ပျော်ရွှင်နေတဲ့သူမဟာ အခုဆို သာယာအေးချမ်းတဲ့ တစ်ကိုယ်တော် ဘဝလေးကို ဖြတ်သန်းနေပြီဖြစ်ပါတယ် ။ နန်းဆုကို ချစ်တဲ့ ချစ်ပရိသတ်တွေအတွက် အသက်ရှူမှားသွား လောက်အောင် လှပတဲ့ သူမရဲ့ ကမ်းခြေရောက် အလှပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nan Su Yati Soe
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Nan Su Yati Soe
Emily ( Cele Zone)