ဘေဘီမောင်က ကံအကောင်းဆုံးမိန်းကလေးပါလို့ ပြောလာတဲ့ သားဂန်း

Posted on

ပရိသတ်အချစ်တော် မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်တဲ့အနုပညာရှင် သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ကိုယ်ခန္ဓာအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျကျ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

 

 

ပရိသတ်တွေ စိတ်ဝင်စားနေကြတာတော့ ဘေဘီနဲ့သားဂန်းတို့ရဲ့ မမ နဲ့မောင် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ သိပ်ချစ်တတ်တဲ့ ကောင်မလေးကို လိုချင်ရင် မမ တွေကိုချစ်ပါဆိုတဲ့အတိုင်း ဘေဘီမောင်တို့ချစ်သူနှစ်ဦးကတော့ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြပြီး ပရိသတ်တွေ အားကျနေတဲ့ အချစ်ရေးလေးတစ်ခုကို ပိုင်ဆိုင်ထားကြတဲ့ ဆယ်လီစုံတွဲလို့တောင်ဆိုရမှာပါ ။ သားဂန်းနဲ့ အနုပညာအလုပ်တွေကို ဘေဘီမောင်က ကူညီပေးသလို ဘေဘီမောင်ရဲ့ အနုပညာအလုပ်တွေကိုလည်း ကူညီပေးရင်း တစ်ယောက်ကိုတစ်ယောက် ဖေးမတဲ့အချစ်တွေနဲ့ လက်တွဲနေကြတဲ့ စုံတွဲလေးပါ ။

 

 

လတ်တလောမှာတော့ သားဂန်းတစ်ယောက် မမ ဘေဘီမောင် ကြွေသွားစေမယ့် စကားလေးတစ်ခွန်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားခဲ့ပါတယ် ။ ” ပိုက်ဆံရှိတဲ့သူကိုချစ်ခွင့်ရတာ ကံကောင်းတာမဟုတ်ဘူးသစ္စာရှိသူကို ချစ်သူဖြစ်ခွင့်ရမှကံကောင်းတာပါဗျ ” ဆိုတဲ့စာသားလေးနဲ့အတူ ချစ်သူကို မြတ်မြတ်နိုးနိုးငေးကြည့်နေတဲ့ သူ့ရဲ့ ပုံလေးနဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။ ဘေဘီမောင်တစ်ယောက်တော့ ချစ်သူရဲ့စာသားတွေကိုဖတ်ရင်း ကြွေနေလောက်ပြီထင်ပါတယ် ပရိသတ်ကြီးရေ .. ။

Source : Thar Gan
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Thar Gan
Emily ( Cele Zone )