လှတယ်လို့ မပြောတဲ့သူတွေကို အမှန်တရားတစ်ခု ပြောပြလာတဲ့ မေမီကိုကို

Posted on

မေမီကိုကိုကတော့ MRTV- (4) ဇာတ်လမ်းတွဲ မင်းသမီးလေး ဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ ပရိသတ်တွေ အားပေးနှစ်ခြိုက်တဲ့ ဇာတ်လမ်းတွဲ လို့ဆိုရမှာပါ။မြိုင်ဆိုတဲ့ ဇာတ်ကောင်ဟာ သူမအတွက် အနုပညာမှတ်တိုင်တစ်ခု လို့ ဆိုရမှာ ဖြစ်ပြီး Star Awards 2018 မှာ မြိုင်တစ်ယောက် Best TV Series Actress Award ဆုကို ပျားရည်အိုင်ဇာတ်လမ်းတွဲနဲ့ပဲ ရရှိခဲ့တာပါ။ နယ်ပရိသတ်တွေ တခဲနက်အားပေးခြင်းခံရသလို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကလည်း မေမီကိုကို ကို တခဲနက်အားပေးခဲ့ကြပါတယ် ။

 

 

မေမီကိုကိုကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ခံစားချက်အချို့ကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ပါ ။ လတ်တလောမှာလည်း ဝလို့လှလို့ပါလား ကြားချင်လို့ အစားတွေးအများကြီးစားပြီးအဝခံထားပေမယ့် ‘ဝလာတယ်’ နောက်မှာ ‘လှလာတယ်’ ဆိုတဲ့စကား ဘာလို့မပါလာတာလဲ ဆိုတဲ့စာသားလေးနဲ့အတူ သူမကိုလှတယ်လို့ မပြောတဲ့သူတွေကို ဒီစကား ကြားချင်လို့ အစားတွေအများကြီးစားထားရကြောင်း ကို ဖေ့ဘုတ်စ် စာမျက်နှာကနေတဆင့် ပြောပြလာခဲ့တာဖြစ်ပါတယ် ။

 

 

သူမရဲ့ အမာခံပရိသတ်လေးတွေကတော့ ဝလဲလှတယ် ၊ ပိန်လဲလှတယ် ၊ ချစ်စရာလဲကောင်းတယ်ဆိုတဲ့ မှတ်ချက်လေးတွေပေးထားကြပြီးသူမ ဘယ်လိုနေနေချစ်နေတာပါလို့ အားပေးစကားတွေ ရေးသားထားကြတာတွေ့ရပါတယ် ။ မေမီလေးတစ်ယောက် သူမဘယ်လိုဖြစ်ဖြစ် အမြဲတမ်းချစ်နေမယ့် ပရိသတ်တွေရှိနေပြီဆိုတော့ ကျေနပ်လောက်မယ်ထင်ပါနော် ။

Source : May Mi Ko Ko
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

လှတဲ့လို့ မပြောတဲ့သူတွေကို အမှန်တရားတစ်ခု ပြောပြလာတဲ့ မေမီကိုကို

 




Source : May Mi Ko Ko
Emily ( Cele Zone )