ကင်ဆာဖောင်ဒေးရှင်းအတွက် ကိုယ်ပိုင်၀င်ငွေလေးထဲကနေ တစ်နိုင်တစ်ပိုင်လှူဒါန်းခဲ့တဲ့ ရွှေထူးတို့ဇနီးမောင်နှံ

Posted on

ချစ်ပရိသတ်တို့ရေ… ရွှေထူးတို့ဇနီးမောင်နှံဟာဆိုရင် အရမ်းလည်း Roပြီးအရမ်းချစ်ကြတဲ့ ဇနီးမောင်နှံလည်းဖြစ်သလို ပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်စုံတွဲတွေထဲကတစ်တွဲလည်းဖြစ်ပါတယ်။ သူမတို့ဟာ အိမ်ထောင်ကျပြီးသွားတဲ့နောက်ပိုင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိရှိနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေခဲ့တာကိုတွေ့ရပါတယ်။

ရွှေနှစ်ရွှေဇနီးမောင်နှံဟာ အလှူအတန်းလုပ်ရတာကိုလည်း အရမ်းဝါသနာပါပြီးတော့ မကြာခဏဆိုသလို အလှူအတန်းလေး‌တွေကို တစ်နိုင်တစ်ပိုင်လုပ်လေ့ရှိပါတယ်။ အားတဲ့အချိန်တွေမှာလည်း နှစ်ယောက်သား အတူတူဘုရားသွားကျောင်းတက်လုပ်လေ့ရှိပြီးတော့ နှစ်ယောက်အတူတူ ကုသိုလ်ရေးလုပ်နေတဲ့ပုံရိပ်လေးတွေကို လူမှုစာမျက်နှာပေါ်ကနေမျှဝေပေးလေ့ရှိပါတယ်။ အခုလည်း သူမတို့ဟာ ရိုက်နေတဲ့ရှုတင်အပြီးမှာတင် နှစ်ဦးသားပေါင်းပြီး တစ်နိုင်တစ်ပိုင်အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပြန်ပါတယ်။

အဲ့ဒါကတော့ ကင်ဆာရောဂါဝေဒနာသည်တွေအတွက် တည်ထောင်ထားတဲ့ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းလေးမှာ အလှူငွေ(၅)သိန်းကျပ်တိတိလှူဒါန်းခဲ့တာပါ။ ရွှေထူးကတော့ သူရဲ့လူမှုစာမျက်နှာပေါ်ကနေ ” ဒီနေ့ ရိုက်ကူးရေး ရိုက်ဖြစ်ကြတဲ့ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှာ  ငွေကျပ် ၅ သိန်းလှူဖြစ်ခဲ့တယ်… ” ဆိုပြီးတော့ သူတို့နှစ်ဦးရဲ့ အလှူလေးကို နတ်လူသာဓုခေါ်နိုင်အောင်မျှဝေပေးထားခဲ့ပါတယ်။ ကဲ… CeleZoneပရိသတ်တွေလည်း မကြာခဏဆိုသလို တတ်နိုင်တာလေးတွေလှူပြီး ကုသိုလ်ယူတတ်တဲ့ ရွှေထူးတို့ဇနီးမောင်နှံလေး အနုပညာလမ်းခရီးမှာ ဒီထက်မကအောင်မြင်မှုသရဖူဆောင်းနိုင်အောင် ဆုတောင်းပေးခဲ့ကြပါအုန်းနော်….

Source : Htoo Khant
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ကင္ဆာေဖာင္ေဒးရွင္းအတြက္ ကိုယ္ပိုင္၀င္ေငြေလးထဲကေန တစ္ႏိုင္တစ္ပိုင္လႉဒါန္းခဲ့တဲ့ ေ႐ႊထူးတို႔ဇနီးေမာင္ႏွံ

 

ခ်စ္ပရိသတ္တို႔ေရ… ေ႐ႊထူးတို႔ဇနီးေမာင္ႏွံဟာဆိုရင္ အရမ္းလည္း Roၿပီးအရမ္းခ်စ္ၾကတဲ့ ဇနီးေမာင္ႏွံလည္းျဖစ္သလို ပရိသတ္ေတြအားက်ေနရတဲ့ အႏုပညာရွင္စုံတြဲေတြထဲကတစ္တြဲလည္းျဖစ္ပါတယ္။ သူမတို႔ဟာ အိမ္ေထာင္က်ၿပီးသြားတဲ့ေနာက္ပိုင္းမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈရွိရွိနဲ႔ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနခဲ့တာကိုေတြ႕ရပါတယ္။

ေ႐ႊႏွစ္ေ႐ႊဇနီးေမာင္ႏွံဟာ အလႉအတန္းလုပ္ရတာကိုလည္း အရမ္းဝါသနာပါၿပီးေတာ့ မၾကာခဏဆိုသလို အလႉအတန္းေလး‌ေတြကို တစ္ႏိုင္တစ္ပိုင္လုပ္ေလ့ရွိပါတယ္။ အားတဲ့အခ်ိန္ေတြမွာလည္း ႏွစ္ေယာက္သား အတူတူဘုရားသြားေက်ာင္းတက္လုပ္ေလ့ရွိၿပီးေတာ့ ႏွစ္ေယာက္အတူတူ ကုသိုလ္ေရးလုပ္ေနတဲ့ပုံရိပ္ေလးေတြကို လူမႈစာမ်က္ႏွာေပၚကေနမွ်ေဝေပးေလ့ရွိပါတယ္။ အခုလည္း သူမတို႔ဟာ ႐ိုက္ေနတဲ့ရႈတင္အၿပီးမွာတင္ ႏွစ္ဦးသားေပါင္းၿပီး တစ္ႏိုင္တစ္ပိုင္အလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ျပန္ပါတယ္။

အဲ့ဒါကေတာ့ ကင္ဆာေရာဂါေဝဒနာသည္ေတြအတြက္ တည္ေထာင္ထားတဲ့ ဦးလွထြန္း ကင္ဆာေဖာင္ေဒးရွင္းေလးမွာ အလႉေငြ(၅)သိန္းက်ပ္တိတိလႉဒါန္းခဲ့တာပါ။ ေ႐ႊထူးကေတာ့ သူရဲ႕လူမႈစာမ်က္ႏွာေပၚကေန ” ဒီေန႔ ႐ိုက္ကူးေရး ႐ိုက္ျဖစ္ၾကတဲ့ ဦးလွထြန္း ကင္ဆာေဖာင္ေဒးရွင္းမွာ ေငြက်ပ္ ၅ သိန္းလႉျဖစ္ခဲ့တယ္… ” ဆိုၿပီးေတာ့ သူတို႔ႏွစ္ဦးရဲ႕ အလႉေလးကို နတ္လူသာဓုေခၚႏိုင္ေအာင္မွ်ေဝေပးထားခဲ့ပါတယ္။ ကဲ… CeleZoneပရိသတ္ေတြလည္း မၾကာခဏဆိုသလို တတ္ႏိုင္တာေလးေတြလႉၿပီး ကုသိုလ္ယူတတ္တဲ့ ေ႐ႊထူးတို႔ဇနီးေမာင္ႏွံေလး အႏုပညာလမ္းခရီးမွာ ဒီထက္မကေအာင္ျမင္မႈသရဖူေဆာင္းႏိုင္ေအာင္ ဆုေတာင္းေပးခဲ့ၾကပါအုန္းေနာ္….