ဗိုလ်ကြီးဇာတ်လမ်းတွဲနဲ့ ပတ်သတ်ပြီး စိတ်‌ကောက်နေတဲ့ ချစ်ခင်ပွန်းကို အပျော့ဆွဲလေးနဲ့ ချော့လိုက်တဲ့ ပိုင်ဖြိုးသု

Posted on

အရမ်းကိုလိုက်ဖက်တဲ့ အနုပညာရှင်ဇနီးမောင်နှံတွေထဲကတစ်တွဲဖြစ်တဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့စုံတွေလေးဟာ ပရိသတ်တွေရဲ့အချစ်တော်လေးတွေပါပဲနော်။ သူတို့နှစ်ယောက်ဟာဆိုရင် ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကမှ လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေလည်းဖြစ်ပြီးတော့ အနုပညာသည်အချင်းချင်း တစ်ယောက်နဲ့ ယောက်နားလည်မှုတွေအပြည့်ပေးထားနိုင်တဲ့အတွက် လူတိုင်းကအားကျနေခဲ့ရတာပါ။

 

လတ်တလောမှာဆိုရင်တော့ မင်းသမီးချောလေး ပိုင်ဖြိုးသုပါ၀င်သရုပ်ဆောင်ထားတဲ့ Lady Danger ရုပ်ရှင်ဇာတ်ကားကြီးဟာ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာ ရုံတင်ပြသဖို့ရှိနေပါတယ်။ သူတို့ဇနီးမောင်နှံဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့အရမ်းကို ချစ်ဖို့ကောင်းပြီး တစ်ယောက်နဲ့တစ်ယောက်သူလျော့ ကိုယ်လျော့နဲ့ အလျော့ပေးပြီးချစ်နေကြတာကိုတွေ့ရပါတယ်။ အခုလည်း လတ်တလောမှာရေပန်းစားနေတဲ့ ဗိုလ်ကြီးဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ စိတ်ကောက်နေတဲ့ ကိုကိုဏကြီးကို ဇနီးချောလေးက လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် ချော့နေခဲ့ပြန်ပါတယ်။

 

သူမက ” ဪ…ဦးရေခဲရယ်…ဝတုတ်လူဆိုးက “Crash Landing on You” ကြည့်တယ်ဆိုတာလေ ဗိုလ်ကြီးကခန့်ချောကြီးမို့ ဝတုတ်လူဆိုးcrushတတ်တဲ့ ကိုကြီးtypeမို့လို့ရယ်တော့မဟုတ်ပါဘူး….အနုပညာကိုအားပေးတာပါ…. တကယ်ပါ…. အဲဒီ့လိုအေးတိအေးစက်အူကြောင်ကြောင်နဲ့ character ကြီးကိုကွက်တိထိမိနေအောင်သရုပ်ဆောင်ထားတာ‌လေကွယ်….ဘယ်လောက်ချစ်စရာကောင်း(အဲလေ) အတုယူစရာကောင်းတဲ့သရုပ်ဆောင်လဲလို့….အာ့လေ….သူများက သရုပ်ဆောင်ပညာကိုရူးသွပ်ပြီးကြည့်‌နေတာသိလား? ဗိုလ်ကြီးကသူ့ဖာသာသူခန့်နေတာ ချောနေတာတွေက‌တော့တိုက်ဆိုင်မှုကြီးပါ….ပုံ/သရုပ်ဆောင်ပညာကိုရူးသွပ်ရှာသူအင်နိုးဆင့်လေးဒေါ်သု ” ဆိုပြီးတော့ ချစ်ခင်ပွန်းဏကြီးကို စိတ်ဆိုးပြေအောင်ချော့ထားပါလေရဲ့ ချစ်ပရိသတ်တို့ရေ..

 

 

 

Source : Paing Phyo Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 


 


