သူသာ အနားမှာရှိရင်ကျန်တာတွေ ဘာမှမလိုတော့ဘူး ဆိုတဲ့ နက္ခတ်

Posted on

MRTV – 4 ရုပ်သံဇာတ်လမ်းတွဲလေးတွေကနေ ပရိသတ်စတင် သတိထား မိလာတဲ့ သရုပ်ဆောင်နက္ခက်ကတော့ သူရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် တစ်နေ့ထက်တစ်နေ့ ပရိသတ်အားပေးမှု ပိုမိုရရှိလာတာပဲဖြစ်ပါတယ်။ နက္ခက်ရဲ့ယောကျာ်းပီသပြီးဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေကလည်း မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးဝန်းရံနေကြတာပဲဖြစ်ပါတယ် ။

 

 

နက္ခတ်ကတော့ ယခုမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်အောင် ကြိုးစားနေတဲ့ အနပညာရှင်ပဲဖြစ်ပါတယ်။ လက်ရှိမှာနက္ခတ်ရိုက်ကူးထားတဲ့ ကျွန်တော်အမုန်းဆုံး ကျွန်တော် ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို MRTV-4 ကနေ ပြသနေတာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ နက္ခတ်တစ်ယောက် “ကိုကို”လို့လဲ မခေါ်နဲ့ ” မောင်”လို့လဲ မခေါ်နဲ့ ဒီအတိုင်းလေး ကိုယ့်ဘေးနားမှာ လိမ်လိမ်မာမာ ရှိနေရင်ရပီ ကျန်တာတွေ ကိုယ့် အတွက်မလိုအပ်ဘူး ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေအသည်းယားအောင် ရေးသားထားတာတွေ့ရပါတယ် ။

 

 

အမြဲလိုလို ပရိသတ်တွေကို အသည်းယားအောင်လုပ်တတ်တဲ့စာသားလေးတွေနဲ့ အတူ သူ့ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးနေကြ နက္ခတ်ကတော့ အခုတစ်ခါ မှာလည်း နုနုယွယွစာသားလေးတွေနဲ့မျှဝေလာခဲ့တာဖြစ်ပါတယ် ။ နက္ခတ်ကို အားပေးကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် ပရိသတ်အသည်းကျော်လေး နက္ခတ်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Nat Khat
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်





Source : Nat Khat
Emily ( Cele Zone)