ပိုက်ဆံစုပြီး ဖုန်းဝယ်ပေးမယ်ဆိုတဲ့ ပရိသတ်ကြောင့် အံ့သြဝမ်းသာဖြစ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

ဝါရင့်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ယနေ့အချိန်အထိပျိုမဒီတို့ အသည်းစွဲ အားပေး နေရတဲ့ အနုပညာရှင်စာရင်းထဲမှာ ပါဝင်နေတဲ့ သူတစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိ နှုတ်ခမ်းနီမလေးတွေကြားမှာလည်းရေပန်း အစားဆုံး အမျိုးသားအနုပညာရှင် တစ်ယောက် အဖြစ်ရှိနေပြီး ဆယ်ကျော်သက်လူငယ်လေးအလား အံ့သြ လက်ဖျားခါလောက်ပင် နုပျိုလတ်ဆတ်နေတာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်မှုကို ရေရှည် ထိန်းသိမ်း နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော် ..။

 

 

မယုံနိုင်စရာကောင်းလောက်အောင် ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကြောင့် စိုင်းစိုင်းတစ်ယောက်ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြည်နူးခဲ့ရတဲ့အချိန်တွေလည်းအများကြီးရှိပါတယ် ။ လတ်တလောမှာလည်း ” ကျနော် SAMSUNG ကို ဖုန်းအသစ်ပူဆာတဲ့ Post လေးတင်လိုက်မိတယ်ဒီညီမလေးက မုန့်ဖိုးစုပြီးဝယ်ပေးမယ်တဲ့ ကျနော်တော်တော့်ကို ကြည်နူးမိပါတယ်ဘဝင်တောင် လေဟပ်သလိုဖြစ်သွားတယ် ဘဝမှာ လူဖြစ်ရကျိုးနပ်တယ်လို့ ခံစားရတဲ့အချိန်ဟာ ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ ပရိသတ်တစ်ဦးကြောင့် ကြည်နူးရတဲ့ အမှတ်တရလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ စိုင်းစိုင်းတစ်ယောက်မျှဝေလာခဲ့တာဖြစ်ပါတယ် ။

 

 

စိုင်းစိုင်းရဲ့ ပရိသတ်တွေကလည်း ဝယ်ပေးချင်တဲ့ ပရိသတ်တွေက အများကြီးပါ ရင်ထဲက စေတနာတွေလည်းအပြည့်ပါဆိုတဲ့ အားပေးချစ်ခင်တဲ့ မှတ်ချက်လေးတွေရေးထားကြပြီး ဒီကွန်မန့်လေးတွေ ကြည့်ပြီး စိုင်းစိုင်းတစ်ယောက် ပိုလို့တောင်ကြည်နူးနေမယ်လို့ထင်ပါတယ် ။ တစ်ဦးက စေတနာ တစ်ဦးကမေတ္တာဆိုသလို ပရိသတ်တွေကို အကောင်းဆုံးတွေကြီး တင်ဆက်ပေးချင်နေတဲ့ အနုပညာရှင်နဲ့ သူတို့ချစ်တဲ့အနုပညာရှင်ကို အကောင်းဆုံးတွေ ပြန်လည်ပေးချင်နေတဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာပါပဲ ပရိသတ်ကြီးရေ ..။

Source : Sai Sai Khan Leng
Emily ( Cele Zone )
ဇော်ဂျီဖြင်ဖတ်ရန်

 

ပိုက်ဆံဆုပြီး ဖုန်းဝယ်ပေးမယ်ဆိုတဲ့ ပရိသတ်ကြောင့် အံ့သြဝမ်းသာဖြစ်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်




Emily ( Cele Zone )

error: Content is protected !!