သဇင်ထူးမြင့်ကို ဖုန်းဆက်ပြီး အနှောက်ယှက်ပေးနေသူတွေကြောင့် အကူညီတောင်းခံခဲ့တဲ့ ခင်လှိုင်

ပရိသတ်ကြီးရေ ဟာသ သရုပ်ဆောင်ဦးခင်လှိုင်ရဲ့ အငယ်ဆုံးသမီးလေး သဇင်ထူးမြင့်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ် ။ လတ်တလောမှာတော့ သဇင်ထူးမြင့်ဆီကို ဖုန်းဆက်နှောက်ယှက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းစကားတွေ ပြောနေတဲ့သူတချို့ကြောင့် အလုပ်မှာအနှောက်အယှက်ဖြစ်နေရတယ်လို့သိရပါတယ် ။

 

 

 


တော်ရုံဆိုဘာမှမပြောဘူး သည်းခံတယ်… သဲကို ၁လပိုင်း ၂၀ဝန်းကျင်တည်းက စဆက်တယ်… မနက်၅နာရီဆက်တယ် သူ့ဖုန်းခေါ်ထားလားဆိုပြီး မခေါ်ဘူး ပြောတာတောင်၁နေကုန်နှောက်ယှက်တယ် ပြီးတော့ဆဲသွားတယ်…အဲ့နေ့ကစပြီးနေ့တိုင်း ၁လုံးစီဆက်တယ်သဲဖန်တွေ သိပါတယ်…သဲလုံးဝမတင်ပဲထားတာ အရမ်းလွန်လာလို့ မနေ့ကဆို ဖုန်း၆လုံးနဲ့ဆက်တယ်…block လို့လည်းမရဘူး ဒီဘက်ကလူတွေကစိတ်တိုတော့ ရိုင်းတယ်ဖြစ်တယ်… အလုပ်မှာလည်း ဖုန်းနဲ့ရိုက်နေတာကို တောက်လျှောက်ဆက်တယ်… ဆက်တဲ့သူအသံလုံးဝမှတ်မိနေပါပြီ… အမြဲစပြောတာ ‘ခုပြောနေတာဘယ်သူလဲ ဘယ်ကလဲ’ စပြောတယ်…အရမ်းရိုးနေပြီ အကွက်တွေ…. ၁လလောက်လိုက်နှောက်ယှက်နေတာသည်းလည်းမခံနိုင်ဘူးဖုန်းနံပါတ်တွေအကုန်မှတ်ထားတယ်…၁ရက်၁လုံးနဲ့၁လတိတိ ဒီအသံကြီးနဲ့ဆက်နေတာ. ဆိုတဲ့စာသားနဲ့အတူ သဲတစ်ယောက် သူမရဲ့အခက်ခဲတွေကို ပရိသတ်တွေကို ဖွင့်ဟလာခဲ့တာဖြစ်ပါတယ် ။

 

 

ဦးခင်လှိုင်ကလည်း ဒီဖုန်းတွေနဲ့ကျွန်တော့်သမီးဖုန်းကိုအမြဲဆက်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေဆဲနေတယ်ယောက်ျားအသံ မိန်းမအသံ တွေနဲ့နှောက်ရှက်နေပါတယ် ကူညီပြီးစုံစမ်းပေးကြပါဗျာ သမီးမှာဘာရန်ငြိုးမှမရှိပါဘူးသမီးအလုပ် လုပ်နေတာအနှောက်အယှက်ဖြစ်ရပါတယ် ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အကူညီတောင်းခံခဲ့ပါတယ် ။

 

Source : Khin Hlaing
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Khin Hlaing
Emily ( Cele Zone )

error: Content is protected !!