ဆာရီလေး၀တ်ပြီး အိန္ဒိယသူလေးလိုအလှသွေးကြွယ်နေတဲ့ အေးမြတ်သူရဲ့ဗီဒီယိုဖိုင်

Posted on

ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးချောလေးအေးမြတ်သူဟာ ဆိုရင် လတ်တလောမှာ ရှမ်းပြည်နယ်ဘက်ကိုခရီးလေးတွေထွက်ဖြစ်နေ တာကိုတွေ့ရပါတယ်နော်။ သူမဟာ အခုဆိုရင် အရမ်းကိုသာယာလှပတဲ့ လားရှိုးမြို့လေး ကိုရောက်ရှိနေခဲ့ပြီပဲဖြစ်ပြီး ပေါ်တော်မူရှန်ခိုက်ဘုရားပွဲကြီးမှာ အိန္ဒိယသူလေးသဖွယ်ပြင်ဆင်ပြီးတော့ ပျော်ပျော်ပါးပါးပါ၀င်ဆင်နွှဲလျက်ရှိတာကိုတွေ့ရပါတယ်။

 

သူမဟာ လာရှိုးမတိုင်ခင်တုန်းက ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းတိုင်းရင်းသားတွေအုပ်ချုပ်တဲ့ ဟိုပုံးမြို့လေးကို သွားခဲ့ပါသေးတယ်။ တမူထူးခြားတဲ့ ပအိုဝ်းယဉ်ကျေးမှုတွေကိုလည်းလေ့လာခဲ့ပြီးတော့ သူမကိုယ်တိုင်လည်း ပအိုဝ်းတိုင်းရင်းသားရှင်ပြုအလှူလေးမှာ ပအိုဝ်းတိုင်းရင်းသူလေးအဖြစ်၀တ်ဆင်ပြီးတော့ ပါ၀င်ကုသိုလ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် ဟိုပုံးမြင်းစီးကလပ်မှာလည်း ကိုယ်တိုင်မြင်းစီးရင်း ပျော်ရွှင်လို့‌နေခဲ့ပါသေးတယ်။

 

အခုလည်း လာရှိုးကို အလည်အပတ်ရောက်ရှိနေပြီး ပေါ်တော်မူ ရှန်ခိုက်ဘုရားပွဲကြီးနဲ့လည်း ကြုံတုန်း၀င်ရောက်ဆင်နွှဲနေခဲ့တာပဲဖြစ်ပါတယ်။ တကယ့်အိန္ဒိယသူလေးလိုပြင်ဆင်ပြီးတော့ ပွဲထဲမှာ အမှတ်တရTik Tokဗီဒီယိုလေးကိုလည်းရိုက်ခဲ့ပါသေး တယ်။ ကဲ…ကျက်သရေအဖြာဖြာနဲ့ ပြည့်စုံပြီး ရွှေဝါရောင်ဆာရီလေးနဲ့ မြင်သူငေးအောင်လှနေတဲ့ အေးမြတ်သူရဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ ပုံရိပ်လေးတွေကိုပါ CeleZoneချစ်ပရိသတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Aye Myat Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 


 


