ယော်ကျားအချစ်တိုးစေမယ့်နည်းလမ်းလေးတစ်ခုကို မျှဝေလိုက်တဲ့ ငှက်ပျောကြော်ရဲ့ ဇနီး

ပရိသတ်တွေ အားပေးချစ်ခင်နေရတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ငှက်ပျောကြော်ကတော့ သူ့ထက်အသက်အများကြီးငယ်တဲ့ ချစ်ဇနီးချောလေး နေဇာဘုန်းမြင့် ကိုပိုင်ဆိုင်ထားတဲ့ သူပါ ။ နေဇာဘုန်းမြင့်ကတော့ ( နေခြည် – တားရော့ ) ဆိုတဲ့နာမည်နဲ့ (၇) ရက်သားသမီးတွေကို တားရော့ ဟောပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ် ။

 

 

သူမကို ယုံကြည်သူတွေကတော့ အမြဲတမ်း သူမဆီမှာတားရော့ မေးလေ့ရှိပါတယ် ။ သူမကလည်း မကြာခဏဆိုသလို စနောက်ကြည်စယ်တဲ့ တားရော့ အဟောလေးတွေကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြလေ့ရှိပါတယ် ။ အခုလတ်တလောမှာလည်း အိမ်က ယောက်ျားပိုပိုပြီးချစ်လာအောင် ရောဘာဂါထာရွတ်ရမလဲ ဆိုတဲ့ ပရိသတ်တစ်ယောက်ကို ဥုံသိတယ် ဘာမှမပြောဘူး ဥုံ မြင်တယ် ဘာမှမပြောဘူး အဲ့လို ရွတ် လို့ စနောက်ထားတာလေးကို ဖေ့ဘုတ်စ်စာမျက်နှာထက်ကနေ ပရိသတ်တွေကို ရယ်စရာမျှဝေပေးထားတာဖြစ်ပါတယ် ။

 

ပရိသတ်တွေကတော့ သူမရဲ့ ဂါထာကိုအရမ်းတွေသဘောကျနေပြီလို့ စနောက်ပြီးမှတ်ချက်တွေပေးနေကြတာတွေ့ရပါတယ် ။ လူရွှင်တော် ဟာသ သရုပ်ဆောင်တစ်ယောက် ရဲ့ ဇနီးလို့ ပြောစရာမလိုအောင်ကို အရွှန်းဖောက် စနောက်တဲ့နေရာမှာတော်တဲ့ နေဇာဘုန်းမြင့်ရဲ့ နောက်ပြောင်ကြည်စယ်မှုလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာပါ ပရိသတ်ကြီးရေ ..။

Source : Nay Zar Pone Myint
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Emily ( Cele Zone)

error: Content is protected !!