ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္တ၀င်မင်းသမီးကြီး ဒေါ်ခင်မေသက်

Posted on

ချစ်ပရိသတ်တို့ရေ… အနုပညာလောကမှာ နှစ်ပေါင်းများစွာကြာအောင် အခြေချရပ်တည်ခဲ့ပြီးတော့ ပရိသတ်တွေရဲ့ အချစ်တွေကိုများစွာပိုင်ဆိုင်ထားခဲ့တဲ့ ဂန္တ၀င်မင်းသမီးကြီးဒေါ်ခင်မေသက် ဟာ ဖေဖော်ဝါရီ(၁၉)ရက်နေ့ ည ၈နာရီ မိနစ်အချိန်မှာ တိမ်းပါးကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။ ဖွားဖွားဟာ လည်ပင်းကင်ဆာကို ခံစားနေခဲ့ရပဲဖြစ်ပြီးတော့ ရန်ကုန်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေစဉ် ရုတ်တရက် အနိစ္စရောက်ခဲ့ရတာပဲဖြစ်ပါတယ်။

မမျှော်လင့်ဘဲ အခုလိုတိမ်းပါးသွားတဲ့ အတွက် ဖွားဖွားရဲ့ ဆွေမျိုးတွေ သားသမီးတွေနဲ့ ပရိသတ်တွေကတော့ ၀မ်းနည်းမဆုံးဖြစ်နေခဲ့ကြပါတယ်။ ဖွားဖွားဟာ အသက်(၈၉)နှစ်မှာကွယ်လွန်ခဲ့တာပဲဖြစ်ပြီးတော့ အချိန်အကြာကြီး မိသားစုနဲ့အတူကျန်းကျန်းမာမာနေထိုင်ခဲ့ရပါတယ်။ ဖွားဖွားရဲ့ နောက်ဆုံးခရီးလေးကိုတော့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ နေ့လည် (၂)နာရီမှာ ရေဝေးသုဿန်ကိုပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ (၂၅)ရက်နေ့ အင်္ဂါနေ့မှာတော့ ကွယ်လွန်သူဖွားဖွားကိုရည်စူးပြီး ဆွမ်းကျွေးတရားတော်နာ အလှူလေးကို ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီအလှူလေးကိုတော့ ‌ဖွားဖွားရဲ့နေအိမ်မှာပဲ ပြုလုပ်ပေးသွားမှာဖြစ်လို့ ရပ်ဝေးရပ်နီးက မိတ်ဆွေတွေကိုလည်း လာရောက်ပေးကြဖို့ ဖိတ်ထားခဲ့တာကိုတွေ့ရပါတယ်။ အချိန်အတိုင်းအတာတစ်ခုထိ လင်းလက်ခဲ့တဲ့ ဂန္တ၀င်ငွေကြယ်ပွင့်အနုပညာရှင် ဖွားဖွားဒေါ်မေသက်အတွက် CeleZoneမိသားစုကလည်း မိသားစုနဲ့ထပ်တူ၀မ်းနည်းရပြီးတော့ ဖွားဖွားကောင်းရာသုဂတိလားဖို့ ဆန္ဒပြုဆုတောင်းလိုက်ပါတယ်နော်….

Source : Win Myaing
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ ဂႏၲ၀င္မင္းသမီးႀကီး ေဒၚခင္ေမသက္

 


ခ်စ္ပရိသတ္တို႔ေရ… အႏုပညာေလာကမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အေျခခ်ရပ္တည္ခဲ့ၿပီးေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကိုမ်ားစြာပိုင္ဆိုင္ထားခဲ့တဲ့ ဂႏၲ၀င္မင္းသမီးႀကီးေဒၚခင္ေမသက္ ဟာ ေဖေဖာ္ဝါရီ(၁၉)ရက္ေန႔ ည ၈နာရီ မိနစ္အခ်ိန္မွာ တိမ္းပါးကြယ္လြန္ခဲ့တာပဲျဖစ္ပါတယ္။ ဖြားဖြားဟာ လည္ပင္းကင္ဆာကို ခံစားေနခဲ့ရပဲျဖစ္ၿပီးေတာ့ ရန္ကုန္ေဆး႐ုံႀကီးမွာေဆးကုသမႈခံယူေနစဥ္ ႐ုတ္တရက္ အနိစၥေရာက္ခဲ့ရတာပဲျဖစ္ပါတယ္။

မေမွ်ာ္လင့္ဘဲ အခုလိုတိမ္းပါးသြားတဲ့ အတြက္ ဖြားဖြားရဲ႕ ေဆြမ်ိဳးေတြ သားသမီးေတြနဲ႔ ပရိသတ္ေတြကေတာ့ ၀မ္းနည္းမဆုံးျဖစ္ေနခဲ့ၾကပါတယ္။ ဖြားဖြားဟာ အသက္(၈၉)ႏွစ္မွာကြယ္လြန္ခဲ့တာပဲျဖစ္ၿပီးေတာ့ အခ်ိန္အၾကာႀကီး မိသားစုနဲ႔အတူက်န္းက်န္းမာမာေနထိုင္ခဲ့ရပါတယ္။ ဖြားဖြားရဲ႕ ေနာက္ဆုံးခရီးေလးကိုေတာ့ ေဖေဖာ္ဝါရီလ (၂၃)ရက္ေန႔ ေန႔လည္ (၂)နာရီမွာ ေရေဝးသုႆန္ကိုပို႔ေဆာင္ၿပီး မီးသၿဂႋဳလ္ေပးမွာျဖစ္တယ္လို႔သိရပါတယ္။

ေဖေဖာ္ဝါရီလ (၂၅)ရက္ေန႔ အဂၤါေန႔မွာေတာ့ ကြယ္လြန္သူဖြားဖြားကိုရည္စူးၿပီး ဆြမ္းေကြၽးတရားေတာ္နာ အလႉေလးကို ျပဳလုပ္ေပးမွာပဲျဖစ္ပါတယ္။ ဒီအလႉေလးကိုေတာ့ ‌ဖြားဖြားရဲ႕ေနအိမ္မွာပဲ ျပဳလုပ္ေပးသြားမွာျဖစ္လို႔ ရပ္ေဝးရပ္နီးက မိတ္ေဆြေတြကိုလည္း လာေရာက္ေပးၾကဖို႔ ဖိတ္ထားခဲ့တာကိုေတြ႕ရပါတယ္။ အခ်ိန္အတိုင္းအတာတစ္ခုထိ လင္းလက္ခဲ့တဲ့ ဂႏၲ၀င္ေငြၾကယ္ပြင့္အႏုပညာရွင္ ဖြားဖြားေဒၚေမသက္အတြက္ CeleZoneမိသားစုကလည္း မိသားစုနဲ႔ထပ္တူ၀မ္းနည္းရၿပီးေတာ့ ဖြားဖြားေကာငါးရာသုဂတိလားဖို႔ ဆႏၵျပဳဆုေတာင္းလိုက္ပါတယ္ေနာ္….