(၂၀၁၉) ခုနှစ်အကောင်းဆုံးဇာတ်ပို့ဆုအတွက် တစ်ပြေးနေတဲ့ အနုပညာရှင် (၂) ဦး

ပရိသတ်ကြီးရေ အနုပညာရှင်တွေနဲ့ ပရိသတ်တွေအားလုံး မျှော်လင့် စောင့်စားနေကြတဲ့ (၂၀၁၉) ခုနှစ်အကယ်ဒမီထူးချွန် ဆုပေးပွဲ အခမ်းအနားကြီးကတော့ ပြန်လည်နီးကပ်လို့လာခဲ့ပါပြီ ။ နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေကတော့ အကယ်ဒမီရနိုင်ချေရှိတဲ့ အနုပညာရှင်တွေကို ခန့်မှန်းခဲ့ကြပြီး သူတို့ချစ်တဲ့ အနုပညာရှင်တွေကို အကယ်ဒမီဆုရှင်တွေအဖြစ် မြင်တွေ့ချင်ကြတာတော့ထုံးစံပါပဲ ။ ဒီနှစ်မှာလည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုအတွက် ပရိသတ်တွေထင်ကြေးနဲ့ တစ်ပြေးနေတဲ့ နာမည်ကြီး သရုပ်ဆောင်နှစ်ဦးရှိပါတယ် ။

 

( ၂၀၁၉ ) ခုနှစ် အကယ်ဒမီဇာတ်ပို့ဆုအတွက် တစ်ပြေးနေတဲ့ နာမည်ကြီး အနုပညာရှင် (၂) ဦးကတော့ ဟာသ သရုပ်ဆောင် ခင်လှိုင်နဲ့ ဦးဟိန်းမင်းတို့ပဲဖြစ်ပါတယ် ။ ခင်လှိုင်ကလည်း ဤအရာကိုအချစ်ဟု ခေါ်သလား ရုပ်ရှင်ကားကြီးမှာ အကောင်းဆုံးအကယ်ဒမီဇာတ်ပို့ဆုကြီးနဲ့ လွဲချော်ခဲ့သလို ဦးဟိန်းမင်း တစ်ယောက်လည်း အကယ်ဒမီဇာတ်ပို့ဆုကြီးနဲ့ခန့်မှန်းခံရတဲ့ နှစ်မှာပဲ အကယ်ဒမီနဲ့လွဲချော်ခဲ့ရပါတယ် ။ ဒီနှစ်မှာတော့ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ချည်ကားနဲ့ ဦးဟိန်းမင်း ၊ ချိုးရုပ်ကားနဲ့ ဦးခင်လှိုင်တို့ကို ပရိသတ်တွေ ထင်ကြေးပေးကြတာဖြစ်ပါတယ် ။

 

ပရိသတ်ရင်ထဲက အကယ်ဒမီဆုကို ရရှိပြီးသား အနုပညာရှင်နှစ်ယောက်ဆိုပေမယ့် အနုပညာသက်တမ်းတစ်လျှောက်မှတ်ကျောက်တင်ခံရမယ့်အကယ်ဒမီဆုကြီးအတွက်ရင်ခုန်နေကြမယ်ထင်ပါတယ် ။ သရုပ်ဆောင်ပညာမှာ ကျွမ်းကျင် တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်ပြီး ဘယ်သူပဲ ရရ ပရိသတ်တွေကတော့ လက်ခုပ်တီးဖို့ အဆင်သင့်ပါပဲနော် ။ Cele Zone ပရိသတ်ကြီးကရော ဘယ်သူ့ကို အကယ်ဒမီရစေချင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

(၂၀၁၉) ခုႏွစ္အတြက္ အေကာင္းဆုံးဇာတ္ပို႔ဆုအတြက္ တစ္ေျပးေနတဲ့ အႏုပညာရွင္ (၂) ဦး

 

ပရိသတ္ႀကီးေရ အႏုပညာရွင္ေတြနဲ႔ ပရိသတ္ေတြအားလုံး ေမွ်ာ္လင့္ ေစာင့္စားေနၾကတဲ့ (၂၀၁၉) ခုႏွစ္အကယ္ဒမီထူးခြၽန္ ဆုေပးပြဲ အခမ္းအနားႀကီးကေတာ့ ျပန္လည္နီးကပ္လို႔လာခဲ့ပါၿပီ ။ ႏွစ္စဥ္ႏွစ္တိုင္း ပရိသတ္ေတြကေတာ့ အကယ္ဒမီရႏိုင္ေခ်ရွိတဲ့ အႏုပညာရွင္ေတြကို ခန႔္မွန္းခဲ့ၾကၿပီး သူတို႔ခ်စ္တဲ့ အႏုပညာရွင္ေတြကို အကယ္ဒမီဆုရွင္ေတြအျဖစ္ ျမင္ေတြ႕ခ်င္ၾကတာေတာ့ထုံးစံပါပဲ ။ ဒီႏွစ္မွာလည္း အေကာင္းဆုံး ဇာတ္ပို႔သ႐ုပ္ေဆာင္ဆုအတြက္ ပရိသတ္ေတြထင္ေၾကးနဲ႔ တစ္ေျပးေနတဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္ႏွစ္ဦးရွိပါတယ္ ။

( ၂၀၁၉ ) ခုႏွစ္ အကယ္ဒမီဇာတ္ပို႔ဆုအတြက္ တစ္ေျပးေနတဲ့ နာမည္ႀကီး အႏုပညာရွင္ (၂) ဦးကေတာ့ ဟာသ သ႐ုပ္ေဆာင္ ခင္လႈိင္နဲ႔ ဦးဟိန္းမင္းတို႔ပဲျဖစ္ပါတယ္ ။ ခင္လႈိင္ကလည္း ဤအရာကိုအခ်စ္ဟု ေခၚသလား ႐ုပ္ရွင္ကားႀကီးမွာ အေကာင္းဆုံးအကယ္ဒမီဇာတ္ပို႔ဆုႀကီးနဲ႔ လြဲေခ်ာ္ခဲ့သလို ဦးဟိန္းမင္း တစ္ေယာက္လည္း အကယ္ဒမီဇာတ္ပို႔ဆုႀကီးနဲ႔ခန႔္မွန္းခံရတဲ့ ႏွစ္မွာပဲ အကယ္ဒမီနဲ႔လြဲေခ်ာ္ခဲ့ရပါတယ္ ။ ဒီႏွစ္မွာေတာ့ အေကာင္းဆုံး ဇာတ္ပို႔သ႐ုပ္ေဆာင္ဆုကို ခ်ည္ကားနဲ႔ ဦးဟိန္းမင္း ၊ ခ်ိဳး႐ုပ္ကားနဲ႔ ဦးခင္လႈိင္တို႔ကို ပရိသတ္ေတြ ထင္ေၾကးေပးၾကတာျဖစ္ပါတယ္ ။

ပရိသတ္ရင္ထဲက အကယ္ဒမီဆုကို ရရွိၿပီးသား အႏုပညာရွင္ႏွစ္ေယာက္ဆိုေပမယ့္ အႏုပညာသက္တမ္းတစ္ေလွ်ာက္မွတ္ေက်ာက္တင္ခံရမယ့္အကယ္ဒမီဆုႀကီးအတြက္ရင္ခုန္ေနၾကမယ္ထင္ပါတယ္ ။ သ႐ုပ္ေဆာင္ပညာမွာ ကြၽမ္းက်င္ တဲ့ အႏုပညာရွင္ႏွစ္ေယာက္ျဖစ္ၿပီး ဘယ္သူပဲ ရရ ပရိသတ္ေတြကေတာ့ လက္ခုပ္တီးဖို႔ အဆင္သင့္ပါပဲေနာ္ ။ Cele Zone ပရိသတ္ႀကီးကေရာ ဘယ္သူ႕ကို အကယ္ဒမီရေစခ်င္လဲ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

Emily ( Cele Zone )
ေဇာ္ဂ်ီျဖင့္ဖတ္ရန္

 

error: Content is protected !!