ပရိသတ်တွေအတွက် အခွီဗီဒီယိုလေးတစ်ခုနဲ့ စနောက်လိုက်တဲ့ အိမ့်ချစ်
အိမ့်ချစ်ကတော့တေးသံရှင် ချစ်ကောင်းတဲ့ သမီးဖြစ်ပြီး အသံပါဝါအားကောင်းကောင်း နဲ့ ပရိသတ်ရင်ကို ထိရှစေမယ့် သီချင်းတွေကို သီဆိုလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ အိမ့်ချစ်ကတော့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေက အစ ချစ်ခင်ကြတဲ့ အမြဲပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်ပါ ။
လတ်တလောမှာလည်း အဆိုတော် ဝိုင်းလေးနဲ့အတူ အခွီ စနောက်ထားတဲ့ ဗီဒီယိုလေးတစ်ခုကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ Miss တစ်ယောက်ဖြစ်တဲ့ အပြင် အရပ်ရှည်တဲ့ အဆိုတော် ဝိုင်းလေးနဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးဖြစ်ပြီး ” အရပ်ဆိုသည်မှာ ” ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ ဒီဗီဒီယိုလေးကို တင်ခဲ့တာပါ ။ လူကောင်သေးသေးလေးနဲ့ချစ်စရာကောင်းတဲ့အိမ့်ချစ်တစ်ယောက်ကတော့ ဝိုင်းလေးနဲ့ယှဉ်လိုက်တဲ့အခါမှာ အရမ်းကို လူကောင်းသေးနေလို့ ဒီဗီဒီယိုလေးကိုရိုက်ပြီး စနောက်လိုက်ဟန်တူပါတယ် ။
အမြဲသွက်လက်ပေါ့ပါးပြီး ချစ်စရာကောင်းနေတဲ့ အိမ့်ချစ်ရဲ့ အခွီ ဗီဒီယိုလေးကိုလည်း Cele Zone ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးရော အိမ့်ချစ်လေးကိုချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။
Source : Eint Chit
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်
Source : Eint Chit
Emily ( Cele Zone )
error: Content is protected !!