အစောကြီးထဲက တပ်ထဲဝင်ခဲ့ရင် (၂) ပွင့်နဲ့ ဗိုလ်ဖြစ်နေလောက်ပြီဆိုတဲ့ ရဲရင့်သော်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်တဲ့ ကိုရီးယားမင်းသားလေးတွေလိုချောမောကြတဲ့ ကောင်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ဝင်ဖြစ်တဲ့ ရဲရင့်သော်ကတော့ အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ စွဲဆောင်မှုရှိတဲ့သူတစ်ယောက်ပါ ။ အမိုက်စား ကကွက်တွေနဲ့ပရိသတ်တွေကို ဖမ်းစားနိုင်သလို ချောမောခန့်ညားလွန်းတဲ့ ရုပ်ရည်ကလည်း ပရိသတ်အသည်းကိုခြွေနိုင် တဲ့အနုပညာရှင်တစ်ယောက်လို့တောင်ဆိုရမှာပါ ။

 

 

Laurel ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မယ့် ” A တစ်စုံတစ်ယောက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ် ။ ဒီရုပ်ရှင်ကားရိုက်ကူးတာကတော့ သူ့ဘဝရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး ပရိသတ်တွေကိုအကောင်းဆုံးတင်ဆက်သွားနိုင်ဖို့ကြိုးစားနေတာပါ ။ ပရိသတ်ချစ်ရတဲ့ ရဲရင့်သော်ကတော့ အနုပညာအလုပ်ကို ရွေးချယ်ခဲ့တယ်ဆိုပေမယ့် အစောကြီးထဲက တပ်ထဲဝင်မိခဲ့ရင် အခုဆိုရင် နှစ်ပွင့်နဲ့ဗိုလ်ဖြစ်နေလောက်ပြီ ဆိုတဲ့ စာသားလေးကို သူ့ရဲ့မိုင်ဒေးမှာ ရေးသားဖော်ပြထားတာတွေ့ရပါတယ် ။

 

 

ပရိသတ်တွေကတော့ ရဲရင့်သော်တစ်ယောက် ဗိုလ်ကြီးသာဖြစ်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယား ဗိုလ်ကြီးလို အမိုက်စားဖြစ်နေမလားဆိုတဲ့မေးခွန်းတွေထုတ်နေကြပါတယ် ။ ရဲရင့်သော်အနေနဲ့ ဒီအလုပ်ကို မရွေးချယ်ခဲ့ပေမယ့် အခုလည်း အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် အဖြစ်ရပ်တည်နေနိုင်ခဲ့ပါ ပြီနော် ။

Source : Ye Yint Thaw
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 





Source : Ye Yint Thaw
Emily ( Cele Zone )

error: Content is protected !!