ပျဥ်းမနားမြို့ရှိ အဘိုး အဘွားများကို နှလုံးသားစေတနာအပြည့် နဲ့ နေ့လည်စာနှင့်ငွေသားများ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ရုပ်ရှင်လောကမှာ ဇာတ်ကားကောင်းများစွာကို ရိုက်ကူးခဲ့တဲ့ ပရိသတ်ချစ်တဲ့ မင်းသမီး တစ်လက်အဖြစ် အနုပညာလောကမှာ လက်ရှိအချိန်ထိ ရပ်တည်နေသူတစ်ဦးကတော့ မင်းသမီး ခိုင်နှင်းဝေပါ။ ပရိသတ်တွေမြင်တွေ့ကြားသိရတဲ့ အတိုင်း အနုပညာအလုပ်တွေကို သာမက ပရဟိတ လုပ်ငန်းတွေမှာပါ အားတက်သရော အားသွန်ခွန်စိုက်ပါဝင် လှူဒါန်းမှုတွေကို ပြုလုပ်နေတဲ့ မင်းသမီးတစ်ဦးအဖြစ် အားလုံးက လေးစားအတုယူနေရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အလှူနှင့်လက် မပျက်သူတစ်ယောက်လို့ ဆိုရလောက်အောင် လိုအပ်နေသူတွေအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ကြိုးစားဖြည့်ဆည်းပေးနေတဲ့ အပြင် ပရိသတ်တွေသာမက အနုပညာရှင်တွေကြားမှာပါ နာမည်ကြီးနေတဲ့ ခိုင်နှင်းဝေရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဖွင့်လှစ်ထားတဲ့ ဂေဟာလေးဟာဆိုရင်လည်း ယခုဆို ချစ်စရာအလွန်ကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ နေရာလေးတစ်ခုဖြစ်နေပါပြီ။

 

 

နှလုံးသားစေတနာလှလွန်းတဲ့ မခိုင်နှင်းဝေက အခုတခါမှာလည်း ပျဥ်းမနားမြို့မှာရှိတဲ့ အဘိုး အဘွားတွေအတွက် နေ့လည်စာ သွားရောက်လှူဒါန်းခဲ့တဲ့ အပြင် အဘိုး အဘွားများ လိုရာ သုံးစွဲနိုင်ဖို့အတွက် တစ်ဦးကို ငွေသား ၅သောင်းကျပ် ကိုလည်း လှူဒါန်းခဲ့ပါသေးတယ်။ အဘိုး အဘွားတွေကို ပွေ့ဖက်ရင်း သားသမီးတစ်ယောက်သဖွယ် ချစ်စရာအပြုံးတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ မခိုင်နှင်းဝေရဲ့ ပုံရိပ်လေးတွေက မြင်ရသူ ပရိသတ်တွေအတွက် စိတ်နှလုံးကြည်နူးပီတိ ဖြစ်စေတာကြောင့် CeleZone ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့ ပြန်လည်ဝေမျှလိုက်ရပါတယ်‌နော်။

 

 

Source:Khine Hnin Wai

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)

ပ်ဥ္းမနားၿမိဳ႕ရွိ အဘိုး အဘြားမ်ားကို ႏွလုံးသားေစတနာအျပည့္ နဲ႔ ေန႔လည္စာႏွင့္ေငြသားမ်ား လႉဒါန္းခဲ့တဲ့ ခိုင္ႏွင္းေဝ

႐ုပ္ရွင္ေလာကမွာ ဇာတ္ကားေကာင္းမ်ားစြာကို ႐ိုက္ကူးခဲ့တဲ့ ပရိသတ္ခ်စ္တဲ့ မင္းသမီး တစ္လက္အျဖစ္ အႏုပညာေလာကမွာ လက္ရွိအခ်ိန္ထိ ရပ္တည္ေနသူတစ္ဦးကေတာ့ မင္းသမီး ခိုင္ႏွင္းေဝပါ။ ပရိသတ္ေတြျမင္ေတြ႕ၾကားသိရတဲ့ အတိုင္း အႏုပညာအလုပ္ေတြကို သာမက ပရဟိတ လုပ္ငန္းေတြမွာပါ အားတက္သေရာ အားသြန္ခြန္စိုက္ပါဝင္ လႉဒါန္းမႈေတြကို ျပဳလုပ္ေနတဲ့ မင္းသမီးတစ္ဦးအျဖစ္ အားလုံးက ေလးစားအတုယူေနရသူ တစ္ဦးလည္း ျဖစ္ပါတယ္။

အလႉႏွင့္လက္ မပ်က္သူတစ္ေယာက္လို႔ ဆိုရေလာက္ေအာင္ လိုအပ္ေနသူေတြအတြက္ ကိုယ္တတ္ႏိုင္တဲ့ ဘက္ကေန အေကာင္းဆုံး ႀကိဳးစားျဖည့္ဆည္းေပးေနတဲ့ အျပင္ ပရိသတ္ေတြသာမက အႏုပညာရွင္ေတြၾကားမွာပါ နာမည္ႀကီးေနတဲ့ ခိုင္ႏွင္းေဝရဲ႕ ေႏြးေထြးတဲ့ ခ်စ္ျခင္းေမတၱာေတြနဲ႔ ဖြင့္လွစ္ထားတဲ့ ေဂဟာေလးဟာဆိုရင္လည္း ယခုဆို ခ်စ္စရာအလြန္ေကာင္းတဲ့ သားသားမီးမီးေလးေတြနဲ႔ အရမ္းကို ေပ်ာ္႐ႊင္စရာေကာင္းတဲ့ ေနရာေလးတစ္ခုျဖစ္ေနပါၿပီ။

ႏွလုံးသားေစတနာလွလြန္းတဲ့ မခိုင္ႏွင္းေဝက အခုတခါမွာလည္း ပ်ဥ္းမနားၿမိဳ႕မွာရွိတဲ့ အဘိုး အဘြားေတြအတြက္ ေန႔လည္စာ သြားေရာက္လႉဒါန္းခဲ့တဲ့ အျပင္ အဘိုး အဘြားမ်ား လိုရာ သုံးစြဲႏိုင္ဖို႔အတြက္ တစ္ဦးကို ေငြသား ၅ေသာင္းက်ပ္ ကိုလည္း လႉဒါန္းခဲ့ပါေသးတယ္။ အဘိုး အဘြားေတြကို ေပြ႕ဖက္ရင္း သားသမီးတစ္ေယာက္သဖြယ္ ခ်စ္စရာအၿပဳံးေတြနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့တဲ့ မခိုင္ႏွင္းေဝရဲ႕ ပုံရိပ္ေလးေတြက ျမင္ရသူ ပရိသတ္ေတြအတြက္ စိတ္ႏွလုံးၾကည္ႏူးပီတိ ျဖစ္ေစတာေၾကာင့္ CeleZone ပရိသတ္ေတြလည္း သာဓုေခၚႏိုင္ဖို႔ ျပန္လည္ေဝမွ်လိုက္ရပါတယ္‌ေနာ္။