လူတိုင်းအားကျနေရတဲ့ မိသားစု အဓိပ္ပါယ်လေးကို ဖော်ကျူးပြခဲ့တဲ့ ချစ်သုဝေ

ချစ်စရာကောင်းတဲ့ အမြွှာသမီးလေး နှစ်ယောက်နဲ့အတူ နားလည်မှုအပြည့်ဝပေးထားတဲ့ ခင်ပွန်းသည် တို့ကိုပိုင်ဆိုင်ထားတဲ့ ချစ်သုဝေကတော့ သာယာပျော်ရွှင်ဖွယ်မိသားစုလေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ ကံအကောင်းဆုံး အမျိုးသမီးပါပဲနော် ။ သူမတို့ရဲ့မိသားစုဘဝလေးကို အားကျနေကြတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကလည်း ဒီလိုမိသားစုဘဝလေး ရရှိဖို့မျှော်လင့်နေကြတာပါ ။

 

 

လတ်တလောမှာလည်း ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှစ်ပြည့်ပွဲကို တက်ရောက်ခဲ့တဲ့ ထရီဇာတို့မိသားစု ပုံရိပ်လေးတွေက ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားနေပါတယ် ။ ထရီဇာကလည်း သူမတို့မိသားစုလေးကို အားကျနေကြတဲ့သူတွေအတွက် မိသားစု ဆိုတဲ့အဓိပ္ပါယ်လေးကို မျှဝေလာခဲ့ပါတယ် ။ ” မိသားစု ဆိုတာ သကာရည်တွေမလို အပိုတွေမလို တွေးလိုက်တာနဲ့ တစ်ယောက်အခက်အခဲ လိုအပ်ချက် ခံစားမှု အားလုံးကို ဖြည့်တွေးနားလည်စာနာခြင်း ဖေးမကူညီနားလည်ခြင်း အပြန်အလှန်ရှိနေရမယ့် အသိုက်အမြုံတစ်ခုပဲ ” ဆိုတဲ့စာသားလေးနဲ့အတူ သူမခံယူထားတဲ့ မိသားစုဘဝရဲ့ အဓိပ္ပါယ်လေးကို လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

 

 

ပရိသတ်တွေက တော့ သူမတို့ရဲ့မိသားစုပုံလေးတွေကို ကြည့်ပြီးအသည်းတယားယားနဲ့အရမ်းကို အချစ်ပိုနေကြတာဖြစ်ပါတယ် ။ ထရီဇာတို့ရဲ့မိသားစုလေးကို ချစ်ခင်အားကျနေတဲ့ Cele Zone ပရိသတ်ကြီးအတွက် ချစ်စဖွယ် မိသားစုအမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

 

Source : Chit Thu Wai
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Chit Thu Wai
Emily ( Cele Zone )

error: Content is protected !!