သနပ်ခါး အဖွေးသားလေးနဲ့ဂိုက်ပေးကြမ်းနေတဲ့ ဂျူနီယာမြင့်မြတ်လေး

Posted on

ချစ်ပရိသတ်တို့ရေ… လက်ရှိမှာဆိုရင် ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော မြင့်မြတ်ဟာ ဆိုရင် မိသားစုနဲ့ အတူ ကမ်းခြေကိုအပန်းဖြေ ခရီးထွက်နေခဲ့ပါတယ်နော်။ အားတဲ့ အချိန်လေးမှာ ချစ်ဇနီးနဲ့ သားလေးကိုအချိန်ပေးကာ ငပလီကမ်းခြေကို အပန်းဖြေခရီးခေါ်လာခဲ့တာပဲဖြစ်ပါတယ်။ မြင့်မြတ်ဟာ ဖခင်ကောင်း ခင်ပွန်းကောင်းပီသတဲ့ အပြင် မင်းသားကောင်းတစ်လက်လည်းဖြစ်တဲ့အတွက် သူ့ကို၀န်ရံအားပေးတဲ့ ပရိသတ်တွေများစွာရှိလို့နေပါတယ်။

လတ်တလောမှာတော့ သူပါ၀င်ရိုက်ကူးထားတဲ့ ပလေယာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသလျက်ရှိပြီးတော့ အားပေးတဲ့ ပရိသတ်တွေလည်းတစ်ခဲနက်များပြားလျက်ရှိပါတယ်။ မြင့်မြတ်ဟာ အလှူအတန်းလည်းဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် သူတို့ရောက်ရှိနေတဲ့ ချောင်းသာ‌ကမ်းခြေမှာ ချစ်ဇနီးလေးနဲ့အတူ တက်ညီလက်ညီ မိသားစုအလှူလေးတစ်ခုကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။

သားလေး ဂျူနီယာမြင့်မြတ်ကလည်း ဖေဖေတို့နဲ့အတူ ကမ်းခြေမှာလည်ပတ်ရင်းပျော်ရွှင်နေခဲ့ပြီးတော့ သူတို့ရဲ့ကမ်းခြေအမှတ်တရပုံလေးတွေကိုလည်းလူမှုစာမျက်နှာပေါ်မှာ နေ့တိုင်းဆိုသလို တင်ပေးနေခဲ့တာကိုတွေ့ရပါတယ်နော်။ အခုလည်း ကမ်းခြေမှာအလည်လွန်ပြီး အသားမဲမှာစိုးတဲ့အတွက်သား‌လေးမြတ်သူကို သနပ်ခါးတွေအဖွေးသားလိမ်းပေးထားပြီး ” Now ပါးပြင်မှာ သနားခါးလေးနဲ့ ချစ်စရာ …ချစ်တုန်းကြီး…” ဆိုတဲ့စာသားလေးနဲ့အတူ သားသားလေးရဲ့ပုံရိပ်လေးတွေကိုတင်ပေးထားပြန်ပါတယ်။ ကဲ…. သနပ်ခါးအဖွေးသားလေးနဲ့ အရမ်းပဲချစ်ဖို့ကောင်းနေတဲ့ ဂျူနီယာမြင့်မြတ်လေးရဲ့ ပုံရိပ်လေးတွေကို CeleZoneပရိသတ်တွေအတွက် အခုပဲ မျှဝေပေးလိုက်ပါတယ်နော်….

Source : Myat Wai Tun
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

သနပ်ခါး အဖွေးသားနဲ့ဂိုက်ပေးကြမ်းနေတဲ့ ဂျူနီယာမြင့်မြတ်လေး

 


