နားထောင်သူတိုင်း မျက်ရည်ဝဲသွားစေမယ့် သက်ငယ်မဒိန်းနဲ့ပတ်သက် အမိုက်စား သီချင်းတစ်ပုဒ် စပ်ခဲ့တဲ့ ဂျောက်ဂျက်

Posted on

လူငယ်ပရိသတ်တွေ ရဲ့ အားပေးမှုအပြည့်ဝရရှိထားတဲ့ ဟစ်ဟော့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဂျော်ဂျက်ကတော့ ဟစ်ဟောလောကမှ တခေတ်သစ်ခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ ။ အခုနောက်ပိုင်း အနုပညာခြေလှမ်းတွေကျဲ သွားခဲ့ပေမယ့် သူ့ရဲ့ သီချင်းသစ်တွေကို ပရိသတ်တွေက မျှော်လင့်နေဆဲဖြစ်ပါတယ် ။ ဂျောက်ဂျက်ကတော့တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်အကြိုက်နဲ့ထပ်တူ ကျတဲ့ ရပ်တွေကို ရေးစပ်သီဆိုလေ့ရှိတဲ့ အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူး ။

 

 

လတ်တလော သက်ငယ်မဒိန်းနဲ့ပတ်သက်ပြီး လူလားမမြောက်သေးတဲ့ ကလေးငယ်လေးတွေရဲ့ အဓမ္မပြုကျင့်ခံရတဲ့ သတင်းတွေကလည်းအများအပြားပေါ်ထွက်လာခဲ့ပါတယ် ။ ဒီ လို သက်ငယ်မဒိန်းမှုတွေနဲ့ပတ်သက်ပြီး နစ်နာသူ ကလေးငယ်လေးတွေအတွက် သီချင်းသစ်တစ်ပုဒ်ကို ရေးစပ်ပြီး ပရိသတ်တွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ကလေးငယ်လေးတွေရဲ့ မိသားစုအခြေနေနဲ့ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတဲ့အကြောင်းကို သီချင်းအဖြစ် အသက်သွင်းပြီး ပရိသတ်ကိုအမြည်းဆိုပြခဲ့တာဖြစ်ပါတယ် ။

 

 

သီချင်းထဲက ကလေးလေးရဲ့အကြောင်းကိုနားထောင်ရင်း ပုံဖော်ကြည့်တာတောင် မျက်ရည်ဝဲမိတယ်ဆိုတဲ့ ပရိသတ်တွေရဲ့ မှတ်ချက်တွေကိုလည်းတွေ့ရပါတယ် ။ အနုပညာရှင်တစ်ယောက်အနေနဲ့ သူကျွမ်းကျင်တဲ့ဘက်ကနေ အကျိုးပြုသီချင်းလေးတွေ ရေးသား သီဆိုပေးတဲ့အတွက် ကျေးဇူးတင်နေကြတဲ့ ပရိသတ်တွေလည်းအများအပြား ရှိနေပါတယ် ။ Cele Zone ပရိသတ်ကြီးအတွက်လည်း ဂျောက်ဂျက်ရဲ့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Jouk Jack
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

နားေထာင္သူတိုင္း မ်က္ရည္ဝဲသြားေစမယ့္ သက္ငယ္မဒိန္းနဲ႕ပတ္သက္ အမိုက္စား သီခ်င္းတစ္ပုဒ္ စပ္ခဲ့တဲ့ ေဂ်ာက္ဂ်က္

 

လူငယ္ပရိသတ္ေတြ ရဲ႕ အားေပးမႈအျပည္႕၀ရရွိထားတဲ့ ဟစ္ေဟာ့ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ ေဂ်ာ္ဂ်က္ကေတာ့ ဟစ္ေဟာေလာကမွ တေခတ္သစ္ခဲ့တဲ့ အဆိုေတာ္ တစ္ေယာက္ပါ ။ အခုေနာက္ပိုင္း အႏုပညာေျခလွမ္းေတြက်ဲ သြားခဲ့ေပမယ့္ သူ႕ရဲ႕ သီခ်င္းသစ္ေတြကို ပရိသတ္ေတြက ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္ ။ ေဂ်ာက္ဂ်က္ကေတာ ့တစ္ပုဒ္ဆို ဆိုသေလာက္ ပရိသတ္အႀကိဳက္နဲ႕ထပ္တူ က်တဲ့ ရပ္ေတြကို ေရးစပ္သီဆိုေလ့ရွိတဲ့ အဆိုေတာ္ တစ္ေယာက္ဆိုလည္း မမွားပါဘူး ။

လတ္တေလာ သက္ငယ္မဒိန္းနဲ႕ပတ္သက္ၿပီး လူလားမေျမာက္ေသးတဲ့ ကေလးငယ္ေလးေတြရဲ႕ အဓမၼျပဳက်င့္ခံရတဲ့ သတင္းေတြကလည္းအမ်ားအျပားေပၚထြက္လာခဲ့ပါတယ္ ။ ဒီ လို သက္ငယ္မဒိန္းမႈေတြနဲ႕ပတ္သက္ၿပီး နစ္နာသူ ကေလးငယ္ေလးေတြအတြက္ သီခ်င္းသစ္တစ္ပုဒ္ကို ေရးစပ္ၿပီး ပရိသတ္ေတြကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကို မွ်ေ၀ေပးလာခဲ့ပါတယ္ ။ ကေလးငယ္ေလးေတြရဲ႕ မိသားစုအေျခေနနဲ႕ ဒီလိုအျဖစ္ဆိုးမ်ိဳးနဲ႕ၾကံဳရတဲ့အေၾကာင္းကို သီခ်င္းအျဖစ္ အသက္သြင္းၿပီး ပရိသတ္ကိုအျမည္းဆိုျပခဲ့တာျဖစ္ပါတယ္ ။

သီခ်င္းထဲက ကေလးေလးရဲ႕အေၾကာင္းကိုနားေထာင္ရင္း ပံုေဖာ္ၾကည္႕တာေတာင္ မ်က္ရည္ဝဲမိတယ္ဆိုတဲ့ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေတြကိုလည္းေတြ႕ရပါတယ္ ။ အႏုပညာရွင္တစ္ေယာက္အေနနဲ႕ သူကြ်မ္းက်င္တဲ့ဘက္ကေန အက်ိဳးျပဳသီခ်င္းေလးေတြ ေရးသား သီဆိုေပးတဲ့အတြက္ ေက်းဇူးတင္ေနၾကတဲ့ ပရိသတ္ေတြလည္းအမ်ားအျပား ရွိေနပါတယ္ ။ Cele Zone ပရိသတ္ႀကီးအတြက္လည္း ေဂ်ာက္ဂ်က္ရဲ႕ သီခ်င္းေလးကို ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

Source : Jouk Jack
Emily ( Cele Zone )