မေးရိုးကိုခွဲစိတ်ပြုပြင်ခဲ့စဉ်က ပတ်တီး‌အဖွေးသားနဲ့ပုံရိပ်တွေကို ထုတ်ပြလာတဲ့ နေခြည်ဦး

Posted on

စကားပြောရင် သွက်သွက်လက်လက်လေးနဲ့ ယုံကြည်မှုရှိရှိလေးပြောတတ်တဲ့ မင်းသမီးချောလေး နေခြည်ဦးဟာ ပရိသတ်အချစ်တော်တစ်ယောက်ပါနော်။ သူမဟာ လက်ရှိမှာဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ လက်ခံရိုက်ကူးနေရပြီးတော့ သူမပါ၀င်သရုပ်ဆောင်ထားတဲ့ အိမ်မက်တွေမိုးထားတဲ့ ရုပ်သံဇာတ်လမ်းတွဲဟာဆိုရင် မကြာခင် MNTVရုပ်သံလိုင်းကနေထုတ်လွှင့်ပြသ‌တော့မှာပဲဖြစ်ပါတယ်‌။

 

သူမဟာ Beauty Blogeerတစ်ယောက်လည်းဖြစ်လို့ ယောက်ျားလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကိုပါခံထားရသူလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Beauty Bloggerမလေးပီပီ အခုတစ်ခါမှယလည်း သူမ မေးရိုးကိုခွဲစိတ်ပြီး စိတ်တိုင်းကျလှအောင် ပြုပြင်ခဲ့စဉ်က အမှတ်တရရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလာခဲ့ပါတယ်။

 

သူမဟာ ဒီပုံတွေကိုတော့ ခွဲစိတ်ပြီးကာစ ပတ်တီးအဖွေးသားနဲ့တုန်းက ရိုက်ထားတာပဲဖြစ်ပါတယ်။သူမဟာ ဒီလိုအလှပြုပြခွဲစိတ်တုန်းကပုံရိပ်လေးတွေကို မကြာခဏဆိုသလို မျှဝေပေးတတ်ပြီး သူမရဲ့Youtube Channelကနေလည်း Blogလေးတွေရိုက်ပြီးတင်ပေးတတ်ပါသေးတယ်။ ကဲ…ဆိုတော့ နေခြည်ဦးတစ်ယောက် မေးရိုးပြုပြင်တုန်းက အမှတ်တရရိုက်ထားတဲ့ပုံရိပ်လေးတွေကို CeleZoneပရိသတ်တွေအတွက် အခုပဲပြန်လည်မျှဝေပေးလိုက်ပါရစေနော်…

 

 

Source : Nay Chi Oo
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 


 



