မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဂုဏ်ထူးဆောင် သံတမန်အဖြစ်ခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ စမိုင်းလ်

Posted on

ပရဟိတအလုပ်တွေကို ရှေ့ဆုံးကနေ အမြဲတမ်းကြိုးစားလုပ်ဆောင်တတ်တဲ့ မင်းသမီးချောလေးကတော့ စမိုင်းလ်ပဲဖြစ်ပါတယ်နော်။ သူမဟာ မကြာခဏဆိုသလို အလှူအတန်းလေးတွေလည်းလုပ်တတ်ပြီးတော့ သူများအကျိုးကိုသယ်ပိုးဆောင်ရွက်နေရရင်ကို ပျော်နေတတ်သူလေးတစ်ယောက်ပါ။ ဒါကြောင့်အခုတစ်ခါမှာတော့ သူမကို မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ဂုဏ်ထူးဆောင်သံတမန်အဖြစ်ချီးမြှင့်ခဲ့ပါတယ်။

အဲ့ဒီချီးမြှင့်ပွဲလေးဟာ အာဆီယံကနေချီမြှင့်တဲ့ဘွဲ့တွေနဲ့ နိုင်ငံတော်ကနေ ချီးမြှင့်တဲ့ ဘွဲ့တွေကိုရရှိထားတဲ့ အမှုဆောင်တွေ ၊ နာယက တွေကို ဂုဏ်ပြုတဲ့ပွဲလေးလည်းဖြစ်ပြီးတော့ စမိုင်းလ်ကိုလည်း ဒီပွဲလေးမှာ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါပွဲလေးကိုတော့ ဖေဖော်ဝါရီလ (၁၉)ရက်နေ့ Park Royal Hotelမှာပြုလုပ်ကျင်းပခဲ့တာပဲဖြစ်ပြီး ဂုဏ်သရေရှိလူကြီးမင်းတွေနဲ့ သတင်းမီဒီယာသမားအချို့လည်းတက်ရောက်ခဲ့ကြပါတယ်။

အရင်ကတော့ စမိုင်းလ်ဟာ တစ်နိုင်တစ်ပိုင် ပရဟိတအလုပ်တွေကိုသာလုပ်ဖြစ်ခဲ့တယ်ဆိုပေမယ့် အခုလို မြန်မာတစ်ပြည်လုံးကိုယ်စား ဂုဏ်ထူးဆောင်သံတမန်အဖြစ်တာ၀န်ယူရတော့မှာဖြစ်တဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှားလို့နေခဲ့ပါတယ်။ သူမရဲ့ လူမှုစာမျက်နှာပေါ်ကနေလည်း ” မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဂုဏ်ထူးဆောင်သံတမန်အဖြစ်ပါဝင်ရတာအရမ်းကို ဂုဏ်ယူပါတယ်ရှင် ” ဆိုပြီးတော့ ရေးသားကာ ပွဲအမှတ်တရပုံရိပ်လေးတွေကိုမျှဝေပေးထားခဲ့တာကိုလည်းတွေ့ရပါတယ်။ ကဲ…ဒီတော့ စမိုင်းလ်တစ်ယောက် နိုင်ငံတော်ရဲ့ ဂုဏ်ထူးဆောင်သံတမန်အဖြစ်အကောင်းဆုံးအမှုထမ်းနိုင်ဖို့ CeleZoneပရိသတ်တွေနဲ့ထပ်တူ ဆန္ဒပြုလိုက်ပါတယ်နော်…

Source : စမိုင်းလ် Smile
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ျမန္မာႏိုင္ငံနယ္စပ္ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဂုဏ္ထူးေဆာင္ သံတမန္အျဖစ္ခန႔္အပ္ခံလိုက္ရၿပီျဖစ္တဲ့ စမိုင္းလ္

ပရဟိတအလုပ္ေတြကို ေရွ႕ဆုံးကေန အၿမဲတမ္းႀကိဳးစားလုပ္ေဆာင္တတ္တဲ့ မင္းသမီးေခ်ာေလးကေတာ့ စမိုင္းလ္ပဲျဖစ္ပါတယ္ေနာ္။ သူမဟာ မၾကာခဏဆိုသလို အလႉအတန္းေလးေတြလည္းလုပ္တတ္ၿပီးေတာ့ သူမ်ားအက်ိဳးကိုသယ္ပိုးေဆာင္႐ြက္ေနရရင္ကို ေပ်ာ္ေနတတ္သူေလးတစ္ေယာက္ပါ။ ဒါေၾကာင့္အခုတစ္ခါမွာေတာ့ သူမကို ျမန္မာတစ္ႏိုင္ငံလုံးဆိုင္ရာ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရးအတြက္ ဂုဏ္ထူးေဆာင္သံတမန္အျဖစ္ခ်ီးျမႇင့္ခဲ့ပါတယ္။

အဲ့ဒီခ်ီးျမႇင့္ပြဲေလးဟာ အာဆီယံကေနခ်ီျမႇင့္တဲ့ဘြဲ႕ေတြနဲ႔ ႏိုင္ငံေတာ္ကေန ခ်ီးျမႇင့္တဲ့ ဘြဲ႕ေတြကိုရရွိထားတဲ့ အမႈေဆာင္ေတြ ၊ နာယက ေတြကို ဂုဏ္ျပဳတဲ့ပြဲေလးလည္းျဖစ္ၿပီးေတာ့ စမိုင္းလ္ကိုလည္း ဒီပြဲေလးမွာ ဂုဏ္ထူးေဆာင္သံတမန္အျဖစ္ ခ်ီးျမႇင့္ခဲ့တာပဲျဖစ္ပါတယ္။ အဆိုပါပြဲေလးကိုေတာ့ ေဖေဖာ္ဝါရီလ (၁၉)ရက္ေန႔ Park Royal Hotelမွာျပဳလုပ္က်င္းပခဲ့တာပဲျဖစ္ၿပီး ဂုဏ္သေရရွိလူႀကီးမင္းေတြနဲ႔ သတင္းမီဒီယာသမားအခ်ိဳ႕လည္းတက္ေရာက္ခဲ့ၾကပါတယ္။

အရင္ကေတာ့ စမိုင္းလ္ဟာ တစ္ႏိုင္တစ္ပိုင္ ပရဟိတအလုပ္ေတြကိုသာလုပ္ျဖစ္ခဲ့တယ္ဆိုေပမယ့္ အခုလို ျမန္မာတစ္ျပည္လုံးကိုယ္စား ဂုဏ္ထူးေဆာင္သံတမန္အျဖစ္တာ၀န္ယူရေတာ့မွာျဖစ္တဲ့အတြက္ အရမ္းပဲစိတ္လႈပ္ရွားလို႔ေနခဲ့ပါတယ္။ သူမရဲ႕ လူမႈစာမ်က္ႏွာေပၚကေနလည္း ” ျမန္မာႏိုင္ငံနယ္စပ္ေဒသဖြံ႕ၿဖိဳးေရးအသင္း ဂုဏ္ထူးေဆာင္သံတမန္အျဖစ္ပါဝင္ရတာအရမ္းကို ဂုဏ္ယူပါတယ္ရွင္ ” ဆိုၿပီးေတာ့ ေရးသားကာ ပြဲအမွတ္တရပုံရိပ္ေလးေတြကိုမွ်ေဝေပးထားခဲ့တာကိုလည္းေတြ႕ရပါတယ္။ ကဲ…ဒီေတာ့ စမိုင္းလ္တစ္ေယာက္ ႏိုင္ငံေတာ္ရဲ႕ ဂုဏ္ထူးေဆာင္သံတမန္အျဖစ္အေကာင္းဆုံးအမႈထမ္းႏိုင္ဖို႔ CeleZoneပရိသတ္ေတြနဲ႔ထပ္တူ ဆႏၵျပဳလိုက္ပါတယ္ေနာ္…