အားလပ်ရက်‌လေးမှာ မိသားစုနဲ့အတူ ကမ်းခြေကို အပန်းဖြေခရီးထွက်နေတဲ့ ယွန်း၀တီလွင်မိုး

Posted on

ပရိသတ်ကြီးရဲ့ အချစ်တော်ယွန်း၀တီလွင်မိုးတို့မိသားစုလေးဟာ လက်ရှိမှာဆိုရင် ငပလီကမ်းခြေကို အပန်းဖြေခရီးရောက်ရှိလို့နေခဲ့ပါတယ်နော်။ ချစ်ခင်ပွန်းနဲ့ သားလေးကိုခေါ်ကာ အားလပ်ရက်လေးမှာ မိသားစုလိုက် အပျော်ခရီးလေးထွက်ခဲ့တာပါ။ သူမဟာ ဒီနှစ်ထဲမှာဆိုရင် မိသားစုနဲ့အတူ ကမ်းခြေကို ခရီးထွက်တာပထမဆုံးဆိုရင်လည်းမမှားပါဘူးနော်။

 

ယွန်း၀တီလွင်မိုးဟာ လက်ရှိမှာဆိုရင် ကြော်ငြာတွေအများအပြားကိုလည်းလက်ခံရိုက်ကူးလျက်ရှိပြီးတော့ တစ်ခါတစ်လေ သားလေးLiamနဲ့တောင်‌ကြော်ငြာလေးတွေအတူတူရိုက်တတ်ပါသေးတယ်။ သားလေးကလည်း ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတို့ရဲ့ စကားကိုအရမ်းနားထောင်ပြီး သွန်သင်သမျှကိုနာခံတတ်တာကြောင့် မြင်သမျှလူတိုင်းက အချစ်တွေပိုလို့နေခဲ့ရပါတယ်။ Liam‌လေးဟာ သိတတ်နားလည်စအရွယ်လေးမှာတောင် လိမ္မာရေးခြားရှိလွန်းတာကြောင့် သားလေးကို ချစ်ပြီး ၀န်းရံတဲ့ ပရိသတ်တွေကလည်းအများအပြားပါပဲနော်။

 

ယွန်း၀တီလွင်မိုးကတော့ သူမတို့မိသားစု ငပလီကမ်းခြေကို အပျော်ခရီး‌ထွက်နေတဲ့ အမှတ်တရပုံရိပ်လေးနဲ့အတူ ” Ngapali မှာမိသားစုနဲ့အပန်းဖြေ ” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ သူမမျှဝေထားတဲ့ မိသားစုပုံလေးထဲမှာ Liamလေးပေးနေတဲ့ အိုက်တင်လေးဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အသည်းယားအချစ်ပို‌စေခဲ့ပါတယ်။ ကဲ… ဒီတော့ ချစ်စရာလည်းကောင်း ပျော်စရာလည်းကောင်းတဲ့ ယွန်း၀တီတို့ရဲ့ မိသားစုအမှတ်တရပုံရိပ်လေးကို အခုပဲCeleZoneပရိသတ်တွေအတွက်မျှဝေပေးလိုက်မှာဖြစ်လို့ လီလီလုံးလေးတစ်ယောက် ဘယ်လိုတောင်အထာကျကျအိုက်တင်လေးတွေပေးထားလဲဆိုတာ ကြည့်လိုက်ကြပါအုန်းနော်….

 

Source : Yun Waddy Lwin Moe
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

အားလပ္ရက္‌ေလးမွာ မိသားစုနဲ႔အတူ ကမ္းေျခကို အပန္းေျဖခရီးထြက္ေနတဲ့ ယြန္း၀တီလြင္မိုး

 

ပရိသတ္ႀကီးရဲ႕ အခ်စ္ေတာ္ယြန္း၀တီလြင္မိုးတို႔မိသားစုေလးဟာ လက္ရွိမွာဆိုရင္ ငပလီကမ္းေျခကို အပန္းေျဖခရီးေရာက္ရွိလို႔ေနခဲ့ပါတယ္ေနာ္။ ခ်စ္ခင္ပြန္းနဲ႔ သားေလးကိုေခၚကာ အားလပ္ရက္ေလးမွာ မိသားစုလိုက္ အေပ်ာ္ခရီးေလးထြက္ခဲ့တာပါ။ သူမဟာ ဒီႏွစ္ထဲမွာဆိုရင္ မိသားစုနဲ႔အတူ ကမ္းေျခကို ခရီးထြက္တာပထမဆုံးဆိုရင္လည္းမမွားပါဘူးေနာ္။

ယြန္း၀တီလြင္မိုးဟာ လက္ရွိမွာဆိုရင္ ေၾကာ္ျငာေတြအမ်ားအျပားကိုလည္းလက္ခံ႐ိုက္ကူးလ်က္ရွိၿပီးေတာ့ တစ္ခါတစ္ေလ သားေလးLiamနဲ႔ေတာင္‌ေၾကာ္ျငာေလးေတြအတူတူ႐ိုက္တတ္ပါေသးတယ္။ သားေလးကလည္း ေဖေဖေမေမ ဖိုးဖိုးဖြားဖြားတို႔ရဲ႕ စကားကိုအရမ္းနားေထာင္ၿပီး သြန္သင္သမွ်ကိုနာခံတတ္တာေၾကာင့္ ျမင္သမွ်လူတိုင္းက အခ်စ္ေတြပိုလို႔ေနခဲ့ရပါတယ္။ Liam‌ေလးဟာ သိတတ္နားလည္စအ႐ြယ္ေလးမွာေတာင္ လိမၼာေရးျခားရွိလြန္းတာေၾကာင့္ သားေလးကို ခ်စ္ၿပီး ၀န္းရံတဲ့ ပရိသတ္ေတြကလည္းအမ်ားအျပားပါပဲေနာ္။

ယြန္း၀တီလြင္မိုးကေတာ့ သူမတို႔မိသားစု ငပလီကမ္းေျခကို အေပ်ာ္ခရီး‌ထြက္ေနတဲ့ အမွတ္တရပုံရိပ္ေလးနဲ႔အတူ ” Ngapali မွာမိသားစုနဲ႔အပန္းေျဖ ” ဆိုၿပီးေရးသားမွ်ေဝထားခဲ့ပါတယ္။ သူမမွ်ေဝထားတဲ့ မိသားစုပုံေလးထဲမွာ Liamေလးေပးေနတဲ့ အိုက္တင္ေလးဟာလည္း ပရိသတ္ေတြၾကားမွာ ေရပန္းစားၿပီး အသည္းယားအခ်စ္ပို‌ေစခဲ့ပါတယ္။ ကဲ… ဒီေတာ့ ခ်စ္စရာလည္းေကာင္း ေပ်ာ္စရာလည္းေကာင္းတဲ့ ယြန္း၀တီတို႔ရဲ႕ မိသားစုအမွတ္တရပုံရိပ္ေလးကို အခုပဲCeleZoneပရိသတ္ေတြအတြက္မွ်ေဝေပးလိုက္မွာျဖစ္လို႔ လီလီလုံးေလးတစ္ေယာက္ ဘယ္လိုေတာင္အထာက်က်အိုက္တင္ေလးေတြေပးထားလဲဆိုတာ ၾကည့္လိုက္ၾကပါအုန္းေနာ္….