ညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့ကြတဲ့ ပရိသတ်အချစ်တော် သဇင်ထူးမြင့်နဲ့ နေရဲ

Posted on

မိသားစု စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြတဲ့ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူကတော့ ဟာသ သရုပ်ဆောင်လူရွှင်တော် ဦခင်လှိုင်ပါ ။ ချစ်ရတဲ့ ဇနီး နဲ့ လိမ္မာရေးခြားရှိတဲ့ သားသမီးတွေကိုလည်း ပိုင်ဆိုင်ထားသလို သူ့ရဲ့အနုပညာအမွေကို ဆက်ခံမယ့် သားနဲ့သမီးအတွက် အမြဲဂုဏ်ယူနေရတာပါ ။ လိမ္မာရေးခြားလည်းရှိသလို ဘာသာတရားလည်း ကိုင်းရှိုင်းတဲ့ နေရဲ နဲ့ သဇင်ထူးမြင့်တို့ မောင်နှမကတော့ပရိသတ်တွေချစ်နေရတဲ့ အနုပညာရှင်လေးတွေပါ ။

 

လတ်တလောမှာတော့ မောင်နှမနှစ်ယောက် ညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့ကြတယ်လို့သိရပါတယ် ။ သဇင်ထူးမြင့် နေရဲတို့ မောင်နှမနဲ့အတူ သဇင်ထူးမြင့်ရဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ အမြွှာနှစ်ယောက်ကလည်း အတူတူ အဓိဌာန်ဝင်ခဲ့ကြပါတယ် ။မနက်အစောကြီး အဓိဌာန်ဝင်ဖို့သွားခဲ့ကြပြီး ညောင်ဆယ်ပင်အဓိဌာန်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ အနုပညာအလုပ်တွေ မအားလပ်တဲ့ ကြားက ဘာသာရေးလည်း လိုက်စားတဲ့ သဇင်ထူးမြင့်တို့ လူငယ်အုပ်စုကတော့ တကယ်ကို လေးစားစရာပါပဲ ပရိသတ်ကြီးရေ ..။

 

သူတို့အတူတူ အဓိဌာန်ဝင်နေတဲ့ ပုံတွေကို မိုင်ဒေးမှာ တင်ထားကြတာဖြစ်ပြီး ဖေ့ဘုတ်စ်စာမျက်နှာမှာတော့ တင်ထားခြင်းမရှိသေးပါဘူး ။ အလုပ်ကြိုးစားပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်လေးတွေအတွက် ပရိသတ်ကြီးလည်း သာဓုခေါ်ပေးပါဦးနော် ။

Source : Thazin Htoo Myint / Nay ye
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Emily ( Cele Zone )