စိတ်ကူးယဉ်ဆန်ဆန် သစ္စာဆိုမလိုက်လို့ အခက်ခဲက လွတ်မြောက်သွားခဲ့တဲ့ မယ်လိုဒီ

သားသား သိဒ္ဓိစစ်ကို မွေးဖွားပြီးနောက်ပိုင်း တစ်သားမွေးတစ်သွေးလှ ဆိုသလို ပိုပို လှပ လာပြီး ရင့်ကျက်တည်ငြိမ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက် အဖြစ် မြင်တွေ့ နေရတဲ့ မယ်လိုဒီကတော့ တကယ်ကို အပျိုတွေရှုံးလောက်မယ့် အလှတရား တွေ ကို ပိုင်ဆိုင်ထား တဲ့ မင်းသမီးချောတစ်ယောက်ပါဘဲ ။ အခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ နဲ့ ကြော်ငြာတွေ မနားအောင်ရိုက်ကူးနေရတာဖြစ်ပြီး အားရင်အားသလို သူမရဲ့ခံစားချက်လေးတွေ နဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေကို ပရိသတ်ကိုမျှဝေပေးလေ့ရှိပါတယ် ။

 

 


လတ်တလောမှာတော့ အကြိုက်ဆုံးငါးစားရင်း ငါးပြေမအရိုး စူးတာ ခံရလို့ ခုထိလဲအရိုးမထွက်သေးဘူးဆိုတဲ့စာသားနဲ့အတူ သူမရဲ့ဖေ့ဘုတ်စ်စာမျက်နှာထက်မှာရေးသားထားပါတယ် ။ ” ဘဝမှာကိုယ်အကြိုက်ဆုံး အချစ်ဆုံးတွေကဘဲ ကိုယ့်အပေါ်ရက်စက်ရက်တာ သူတို့ရဲ့ဘာရယ်မဟုတ်တာလေးတွေက ကိုယ့်ဘဝကြီးတခုလုံးဖြစ်နေမျိုး ငါးရိုးစူးချိန်မှာတသက်လုံးမစားတော့ရင်ကောင်းမယ်လို့တွေးမိတယ် ဒါပေမယ့် တကယ်နေနိုင်မှာလားပြန်သုံးသပ်တယ် ဘဝကလဲအဲ့လိုဘဲ ကိုယ့်ကိုလှည့်စားတဲ့သူတွေရဲ့အဝေးကိုပြေးထွက်လိုက်ချင်တယ်ဒါပေမယ့် တကယ်ဘဲမချစ်တော့ဘဲနေနိုင်မှာလားပြန်စဉ်းစားမိပြန်တယ်သေချာတာကတော့ အကြိုက်ဆုံးငါးရဲ့အရိုးစူးသွားပြီ ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ခံစားချက်အချို့ကိုလည်းရေးသားထားပါသေးတယ် ။

 

 


သိပ်မကြာခင်မှာပဲ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သစ္စာဆိုလိုက်တာ ငါးအရိုးထွက်သွားတယ်
ရုတ်တရက်ကြောင်သွားတယ် တကယ်ထွက်သွားတာဟုတ်ရဲ့လားပေါ့ စိတ်ကူးယဉ်ဆန်လိုက်တာ အမလေးပျော်လိုက်တာ အဲ့ဒီသစ္စာလေး ထာဝရတည်ပါစေ ဆိုတဲ့စာသားလေးကို ထပ်မံရေးသားခဲ့ပြီး သူမရဲ့သစ္စာဆိုမှုကြောင့် ငါးရိုးထွက်သွားကြောင်း ပရိသတ်တွေကို ထပ်မံပြောပြလာခဲ့ပါတယ် ။ မျိုးတစ်ယောက် ဘာကို သစ္စာဆိုခဲ့တာလဲဆိုတာကတော့ တကယ်ကို စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : Melody Myo
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

စိတ္ကူးယဥ္ဆန္ဆန္ သစၥာဆိုမလိုက္လို႔ အခက္ခဲက လြတ္ေျမာက္သြားခဲ့တဲ့ မယ္လိုဒီ

 

သားသား သိဒၶိစစ္ကို ေမြးဖြားၿပီးေနာက္ပိုင္း တစ္သားေမြးတစ္ေသြးလွ ဆိုသလို ပိုပို လွပ လာၿပီး ရင့္က်က္တည္ၿငိမ္တဲ့ အိမ္ေထာင္ရွင္အမ်ိဳးသမီးတစ္ေယာက္ အျဖစ္ ျမင္ေတြ႕ ေနရတဲ့ မယ္လိုဒီကေတာ့ တကယ္ကို အပ်ိဳေတြရႈံးေလာက္မယ့္ အလွတရား ေတြ ကို ပိုင္ဆိုင္ထား တဲ့ မင္းသမီးေခ်ာတစ္ေယာက္ပါဘဲ ။ အခုေနာက္ပိုင္း ႐ုပ္ရွင္ဇာတ္ကားေတြ နဲ႔ ေၾကာ္ျငာေတြ မနားေအာင္႐ိုက္ကူးေနရတာျဖစ္ၿပီး အားရင္အားသလို သူမရဲ႕ခံစားခ်က္ေလးေတြ နဲ႔ ေန႔စဥ္လႈပ္ရွားမႈေလးေတြကို ပရိသတ္ကိုမွ်ေဝေပးေလ့ရွိပါတယ္ ။

လတ္တေလာမွာေတာ့ အႀကိဳက္ဆုံးငါးစားရင္း ငါးေျပမအ႐ိုး စူးတာ ခံရလို႕ ခုထိလဲအ႐ိုးမထြက္ေသးဘူးဆိုတဲ့စာသားနဲ႔အတူ သူမရဲ႕ေဖ့ဘုတ္စ္စာမ်က္ႏွာထက္မွာေရးသားထားပါတယ္ ။ ” ဘဝမွာကိုယ္အႀကိဳက္ဆုံး အခ်စ္ဆုံးေတြကဘဲ ကိုယ့္အေပၚရက္စက္ရက္တာ သူတို႔ရဲ႕ဘာရယ္မဟုတ္တာေလးေတြက ကိုယ့္ဘဝႀကီးတခုလုံးျဖစ္ေနမ်ိဳး ငါး႐ိုးစူးခ်ိန္မွာတသက္လုံးမစားေတာ့ရင္ေကာင္းမယ္လို႔ေတြးမိတယ္ ဒါေပမယ့္ တကယ္ေနႏိုင္မွာလားျပန္သုံးသပ္တယ္ ဘဝကလဲအဲ့လိုဘဲ ကိုယ့္ကိုလွည့္စားတဲ့သူေတြရဲ႕အေဝးကိုေျပးထြက္လိုက္ခ်င္တယ္
ဒါေပမယ့္ တကယ္ဘဲမခ်စ္ေတာ့ဘဲေနႏိုင္မွာလားျပန္စဥ္းစားမိျပန္တယ္ေသခ်ာတာကေတာ့ အႀကိဳက္ဆုံးငါးရဲ႕အ႐ိုးစူးသြားၿပီ ” ဆိုတဲ့စာသားေလးနဲ႕အတူ သူမရဲ႕ ခံစားခ်က္အခ်ိဳ႕ကိုလည္းေရးသားထားပါေသးတယ္ ။

သိပ္မၾကာခင္မွာပဲ မယုံတစ္ဝက္ ယုံတစ္ဝက္နဲ႔ သစၥာဆိုလိုက္တာ ငါးအ႐ိုးထြက္သြားတယ္
႐ုတ္တရက္ေၾကာင္သြားတယ္ တကယ္ထြက္သြားတာဟုတ္ရဲ႕လားေပါ့ စိတ္ကူးယဥ္ဆန္လိုက္တာ အမေလးေပ်ာ္လိုက္တာ အဲ့ဒီသစၥာေလး ထာဝရတည္ပါေစ ဆိုတဲ့စာသားေလးကို ထပ္မံေရးသားခဲ့ၿပီး သူမရဲ႕သစၥာဆိုမႈေၾကာင့္ ငါး႐ိုးထြက္သြားေၾကာင္း ပရိသတ္ေတြကို ထပ္မံေျပာျပလာခဲ့ပါတယ္ ။ မ်ိဳးတစ္ေယာက္ ဘာကို သစၥာဆိုခဲ့တာလဲဆိုတာကေတာ့ တကယ္ကို စိတ္၀င္စားစရာပါပဲ ပရိသတ္ႀကီးေရ ..။

Source : Melody Myo
Emily ( Cele Zone )

error: Content is protected !!