အကိတ်သီချင်းတစ်ပုဒ်ရိုက်ဖို့အတွက် ဝက်ဘော်ဒီကိုကြိုးစားနေတယ်ဆိုတဲ့ မေပန်းချီ

သူမကိုယ်သူမ တစ်တုတ်လေးကို အမြဲသုံးနှုန်းတတ်တဲ့ မေပန်းချီတစ်ယောက် ကတော့ သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေနဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အောင်မြင်နေတဲ့အနုပညာရှင် တစ်ယောက်ပါ ။ ပရိသတ်အချစ်တော် မေပန်းချီကတော့ ခန္ဓာကိုယ်ဖွံဖွံထွားထွားလေးနဲ့ ချစ်စရာအရမ်း ကောင်းတာကြောင့် အကိတ်လေးလို့ ပရိသတ်တွေကြား ရေပန်းစားနေသူလေးပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကမှာ ရပ်တည်နေတာအချိန်အတော်ကြာခဲ့ပြီးဖြစ်ပြီး သူမကို အား ပေးချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြား ပါပဲ။

 

 

အနုပညာလမ်းကြောင်းပေါ်မှာ သူမလျောက်လှမ်းနေတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးမှုလည်း အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ၀၀ကစ်ကစ်လေးနဲ့ ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမကို ဝက်လို့ဝိုင်းစနေကြတဲ့အပေါ် ဝက်လို့အခေါ်ခံရတာ အရေထူနေပြီ လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားခဲ့ဖူးပါတယ် ။ အခုလက်ရှိမှာလည်း တေးသံရှင် စည်သူဝင်းရဲ့ ကိတ် ဆိုတဲ့ သီချင်းမှာ သရုပ်ဆောင်ဖို့အတွက် အပြင်းထန်ဝိတ်ချနေတယ်လို့သိရပါတယ် ။ ဒီသီချင်း ကို ရိုက်ဖို့ ဝက် body ကို အတော်ကြိုးစားနေရကြောင်း သတင်းကောင်းပါးအပ်ပါသည် ဆိုတဲ့စာသားလေးနဲ့အတူ စည်သူဝင်းရဲ့ သီချင်းအမြည်းလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေပေးခဲ့ပါတယ် .။

 

 

” Sithu Win you တို့မကောင်းဘူး you တို့ကြောင့် ထမင်းငတ်နေရတယ် သီချင်းစာသားပြောင်းသင့် မေပန်းချီလိုဝက်ခန္ဓာကိုယ် လိုမျိုးဆို ကျွန်မဝိတ်ချစရာမလိုတော့ဘူး ” လို့လည်း အရွှန်ဖောက်ပြီး စနောက်ရေးသားထားပါသေးတယ် ။ Cele Zone ပရိသတ်ကြီးရော ကိတ် သီချင်းမှာ ပါဝင်သရုပ်ဆောင်မယ့် တစ်တုတ်လေးကို ကြည့်ချင်နေကြပြိမလား ။

Source : May Panche
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

အကိတ္သီခ်င္းတစ္ပုဒ္႐ိုက္ဖို႔အတြက္ ဝက္ေဘာ္ဒီကိုႀကိဳးစားေနတယ္ဆိုတဲ့ ေမပန္းခ်ီ

သူမကိုယ္သူမ တစ္တုတ္ေလးကို အၿမဲသုံးႏႈန္းတတ္တဲ့ ေမပန္းခ်ီတစ္ေယာက္ ကေတာ့ သူမရဲ႕လွပတဲ့ ခႏၶာကိုယ္ေကာက္ေၾကာင္း အလွေတြနဲ႔ သ႐ုပ္ေဆာင္ ပီျပင္မႈေတြေၾကာင့္ ေအာင္ျမင္ေနတဲ့အႏုပညာရွင္ တစ္ေယာက္ပါ ။ ပရိသတ္အခ်စ္ေတာ္ ေမပန္းခ်ီကေတာ့ ခႏၶာကိုယ္ဖြံဖြံထြားထြားေလးနဲ႔ ခ်စ္စရာအရမ္း ေကာင္းတာေၾကာင့္ အကိတ္ေလးလို႔ ပရိသတ္ေတြၾကား ေရပန္းစားေနသူေလးပဲျဖစ္ပါတယ္ ။ သူမဟာ အႏုပညာေလာကမွာ ရပ္တည္ေနတာအခ်ိန္အေတာ္ၾကာခဲ့ၿပီးျဖစ္ၿပီး သူမကို အား ေပးခ်စ္ခင္တဲ့ပရိသတ္ေတြကလည္း အမ်ားအျပား ပါပဲ။

အႏုပညာလမ္းေၾကာင္းေပၚမွာ သူမေလ်ာက္လွမ္းေနတာ အခ်ိန္အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး ပရိသတ္အားေပးမႈလည္း အျပည့္အဝရရွိထားတာပဲ ျဖစ္ပါတယ္။ ၀၀ကစ္ကစ္ေလးနဲ႔ ေကာက္ေၾကာင္းလွတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားတဲ့ သူမကို ဝက္လို႔ဝိုင္းစေနၾကတဲ့အေပၚ ဝက္လို႔အေခၚခံရတာ အေရထူေနၿပီ လို႔ သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားခဲ့ဖူးပါတယ္ ။ အခုလက္ရွိမွာလည္း ေတးသံရွင္ စည္သူဝင္းရဲ႕ ကိတ္ ဆိုတဲ့ သီခ်င္းမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ အျပင္းထန္ဝိတ္ခ်ေနတယ္လို႔သိရပါတယ္ ။ ဒီသီခ်င္း ကို ႐ိုက္ဖို႔ ဝက္ body ကို အေတာ္ႀကိဳးစားေနရေၾကာင္း သတင္းေကာင္းပါးအပ္ပါသည္ ဆိုတဲ့စာသားေလးနဲ႕အတူ စည္သူ၀င္းရဲ႕ သီခ်င္းအျမည္းေလးကို သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ မွ်ေ၀ေပးခဲ့ပါတယ္ .။

” Sithu Win you တို႔မေကာင္းဘူး you တို႔ေၾကာင့္ ထမင္းငတ္ေနရတယ္ သီခ်င္းစာသားေျပာင္းသင့္ ေမပန္းခ်ီလိုဝက္ခႏၶာကိုယ္ လိုမ်ိဳးဆို ကြၽန္မဝိတ္ခ်စရာမလိုေတာ့ဘူး ” လို႕လည္း အရႊန္ေဖာက္ၿပီး စေနာက္ေရးသားထားပါေသးတယ္ ။ Cele Zone ပရိသတ္ႀကီးေရာ ကိတ္ သီခ်င္းမွာ ပါ၀င္သ႐ုပ္ေဆာင္မယ့္ တစ္တုတ္ေလးကို ၾကည္႕ခ်င္ေနၾကၿပိမလား ။

Source : May Panche
Emily ( Cele Zone )

error: Content is protected !!