ဝါရင့်မင်းသမီးကြီး မို့မို့မြင့်အောင်ကိုယ်တိုင် အောင်ရဲလင်းကိုချီးကျူးခဲ့ရတဲ့ နှင်းဆီရဲတိုက် ရုပ်ရှင်ဇာတ်ကားကြီး

(၂၀၂၀ ) ခုနှစ်မှာ ထွက်ရှိမယ့် ရုပ်ရှင်ကားကောင်းတွေကို မျှော်လင့်စောင့်စားနေကြတဲ့ ပရိသတ်ကြီးအတွက် သတင်းကောင်းလေးပါးလိုက်ပါရစေနော် ။ မကြာမီ ဖေဖော်ဝါရီ လ (၂၀) ရက်နေ့မှာ နှင်းဆီရဲတိုက် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသမှာဖြစ်ပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ မို့မို့မြင့်အောင် ၊ အောင်ရဲလင်း ၊ ရွှေမှုံရတီ နဲ့ ကောင်းပြည့်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဒီကားလေးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ရိုက်ကူးထားတာဖြစ်တယ်လို့လည်း သိရပါတယ် ။

 

 

 

ဒီကားမှာ အောင်ရဲလင်းရဲ့ သရုပ်ဆောင်ချက်တွေ အရမ်းကောင်းတယ်လို့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးဖြစ်တဲ့မို့မို့မြင့်အောင် ကိုယ်တိုင်ချီးကျူးစကားဆိုထားတာပါ ။ မိန်းကလေးတစ်ယောက်ကို အရမ်းချစ်မိလို့ အရူးထောင်ရောက်ပြီး အခက်ခဲတွေ ရင်ဆိုင်ခဲ့ရတဲ့ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကြီးတဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားပြီး Trailer မှာထဲက ပရိသတ်တွေ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပြီး အောင်ရဲလင်းတစ်ယောက် ဘယ်လိုပီပြင်အောင် သရုပ်ဆောင်ထားလည်းဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်မျှော်နေခဲ့ကြတာဖြစ်ပါတယ် ။

 

 

နာမည်ကြီးမင်းသား မင်းသမီးတွေ အားပြိုင်ကြမယ့် ကားဖြစ်တဲ့အပြင် ရုံမတင်ခင်ထဲက အောင်ရဲလင်းရဲ့ သရုပ်ဆောင်မှုတွေကို အန်တီမို့ကိုယ်တိုင်ချီးကျူးစကားဆိုနေတာ ဖြစ်လို့ ပရိသတ်တွေလည်း အရမ်းကိုကြည့်ချင်နေကြပြီထင်ပါတယ် ။ Cele Zone ပရိသတ်ကြီးအတွက် နှင်းဆီရဲတိုက် ဆိုတဲ့ ရုပ်ရှင်ကားကြီး Trailer လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : နှင်းဆီရဲတိုက်
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Emily ( Cele Zone )

error: Content is protected !!