တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေကြောင်း ဖွင့်ဟလာတဲ့ မင်းသွေးခန့်

Forever Star သရုပ်ဆောင်ပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိလာခဲ့တဲ့ မင်းသားချောလေးကတော့ မင်းသွေးခန့်ပါ ။ ချောမောတဲ့ ရုပ်ရည်နဲ့ ရယ်လိုက်တိုင်း ဆွဲဆောင်မှုရှိလွန်းတဲ့ အဆွယ်လေးတွေကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ခံနေရတာပဲဖြစ်ပါတယ် ။ သူ့ကို အားပေးတဲ့ မိန်းကလေး ပရိသတ်တွေ များပြားသလို အခုလက်ရှိမှာ ပရိသတ်ကြားမှာ ရေပန်းအစားဆုံးမင်းသားလေး ဖြစ်နေတာပါ ။

 

 

ကိုရီးယားမင်းသားလေးတစ်ယောက်လို ချောမောတဲ့အပြင် မိန်းကလေးတွေကြွေသွားစေလာက်တဲ့ တော်ကီလေးတွေနဲ့ ပရိသတ်ကိုချုပ်နေတဲ့ မင်းသွေးခန့်ကတော့ တနေ့တခြား ပရိသတ်တွေ တိုးတိုးလာတဲ့ မင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ် ။ မိန်းကလေး ပရိသတ်တွေကလည်း သူမတို့ Idol ရဲ့အချစ်ရေးအခြေနေကို စိတ်ဝင်စားနေကြပြီး ရည်းစားရမှာကိုစိုးရိမ်နေကြပါတယ်နော် ။ လတ်တလောမှာတော့ ပရိသတ်တွေ အတွက်မေးခွန်းထုတ်စရာဖြစ်လာမယ့် စကားတစ်ခွန်းက မင်းသွေးခန့်က သူ့ရဲ့မိုင်ဒေးမှာရေးသားထားတာတွေ့ရပါတယ် ။

 

 

” ရာသီဥတုကြီးက မင်းကိုလွမ်းဖို့နှိပ်စက်နေတယ် ” ဆိုတဲ့ စာသားလေးကိုရေးသားခဲ့တာဖြစ်ပြီး မင်းသွေးခန့်တစ်ယောက် လွမ်းစရာလူရှိနေပြီလားဆိုတဲ့ အတွေးတွေနဲ့ မိန်းကလေးပရိသတ်တွေကတော့ အသည်းကွဲနေကြပါပြီနော် ။ မင်းသွေးခန့်လွမ်းနေတဲ့ သူကဘယ်သူများဖြစ်နေမလဲ ပရိသတ်ကြီးရဲ့အမြင်လေးကိုပြောခဲ့ပါဦးနော် ။

Source : Min Thway Khant
Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Min Thway Khant
Emily ( Cele Zone)

error: Content is protected !!