သစ္စာရှိစွာနဲ့ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းကို မြေစာလေး ၊ကညွန့် ၊ ကန်စွန်းရွက်လေးတွေခူးပြီး ရှာဖွေကျွေးမွေးနေတဲ့အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်

Posted on

ပရိသတ်ကြီးရေ မိုးစက်ကတော့ မနေ့က ဇန်နဝါရီလ (၂၇)ရက်နေ့မှာလည်း ဝမ်းရေးခက်ခဲစွာဖြေရှင်းနေရတဲ့ အဖွားတစ်ယောက်ကို ထပ်မံထောက်ပံ့ကူညီခဲ့ပြန်ပါတယ်။ အဖွားကတော့ မြေစာ၊ ကညွန့်၊ ကန်စွန်းရွက်လေးတွေကို ခူးပြီး ရောင်းကာ ဝမ်းရေးပြေလည်အောင်ဖြေရှင်းနေခဲ့ရတာပါတဲ့။

ဒါ့အပြင် ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူကိုလည်း ဈေးရောင်းကာ ရှာဖွေးကျွေးမွေးနေတာဖြစ်တဲ့အတွက် လင်ယောင်္ကျားအပေါ် တာဝန်ကျေပြီး သစ္စာရှိတဲ့ အဖွားရဲ့ စိတ်ဓာတ်လေးကို သဘောကျလွန်းတာကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ရော အခုလို ကူညီထောက်ပံ့ခဲ့တာပါတဲ့။အဖွားကတော့ အရှေ့ဒဂုံမြို့နယ် ၊ အအေးခန်းမှတ်တိုင်အနီး(ရွာသာကြီး) မှာ ညနေဘက်ဆို လှည့်လည်ရောင်းချလေ့ရှိပါတယ်တဲ့။

မိုးစက်ကတော့ အဖွားတို့လင်မယားနှစ်ယောက် လတ်တလောစားဝတ်နေရေးပြေလည်စေဖို့ အလှူငွေ (၁)သိန်းကျပ်ကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်တဲ့။ CeleZone ပရိသတ်ကြီးရေ မိုးစက်နဲ့ သူ့ရဲ့အလှူရှင်တွေလှူဒါန်းပေးမှုကြောင့် အခုလို သက်ကြီးအဖိုးအဖွားတွေကို ကူညီထောက်ပံ့နိုင်ခဲ့တဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Moe Sat
Chilli – CeleZone

-Zawgyi Font ဖြင့် ဖတ်ရန်-

သစၥာရွိစြာနဲ႔က်န္းမာေရးမေကာင္းတဲ့ ခင္ပြန္းကို ေျမစာေလး ၊ကၫြန႔္ ၊ ကန္စြန္း႐ြက္ေလးေတြခူးၿပီး ရွာေဖြေကြၽးေမြးေနတဲ့အဖြားကို ကူညီေထာက္ပံ့ခဲ့တဲ့ မိုးစက္

ပရိသတ္ႀကီးေရ မိုးစက္ကေတာ့ မေန႔က ဇန္နဝါရီလ (၂၇)ရက္ေန႔မွာလည္း ဝမ္းေရးခက္ခဲစြာေျဖရွင္းေနရတဲ့ အဖြားတစ္ေယာက္ကို ထပ္မံေထာက္ပံ့ကူညီခဲ့ျပန္ပါတယ္။ အဖြားကေတာ့ ေျမစာ၊ ကၫြန႔္၊ ကန္စြန္း႐ြက္ေလးေတြကို ခူးၿပီး ေရာင္းကာ ဝမ္းေရးေျပလည္ေအာင္ေျဖရွင္းေနခဲ့ရတာပါတဲ့။

ဒါ့အျပင္ က်န္းမာေရးမေကာင္းတဲ့ ခင္ပြန္းျဖစ္သူကိုလည္း ေဈးေရာင္းကာ ရွာေဖြးေကြၽးေမြးေနတာျဖစ္တဲ့အတြက္ လင္ေယာက်ၤားအေပၚ တာဝန္ေက်ၿပီး သစၥာရွိတဲ့ အဖြားရဲ႕ စိတ္ဓာတ္ေလးကို သေဘာက်လြန္းတာေၾကာင့္ ဂုဏ္ျပဳတဲ့အေနနဲ႔ေရာ အခုလို ကူညီေထာက္ပံ့ခဲ့တာပါတဲ့။အဖြားကေတာ့ အေရွ႕ဒဂုံၿမိဳ႕နယ္ ၊ အေအးခန္းမွတ္တိုင္အနီး(႐ြာသာႀကီး) မွာ ညေနဘက္ဆို လွည့္လည္ေရာင္းခ်ေလ့ရွိပါတယ္တဲ့။

မိုးစက္ကေတာ့ အဖြားတို႔လင္မယားႏွစ္ေယာက္ လတ္တေလာစားဝတ္ေနေရးေျပလည္ေစဖို႔ အလႉေငြ (၁)သိန္းက်ပ္ကို ေထာက္ပံ့ကူညီေပးခဲ့ပါတယ္တဲ့။ CeleZone ပရိသတ္ႀကီးေရ မိုးစက္နဲက သူ႔ရဲ႕အလႉရွင္ေတြလႉဒါန္းေပးမႈေၾကာင့္ အခုလို သက္ႀကီးအဖိုးအဖြားေတြကို ကူညီေထာက္ပံ့ႏိုင္ခဲ့တဲ့ အလႉေလးကို ပရိသတ္ေတြလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Moe Sat
Chilli – CeleZone