သူရဲ့မွေးလေးနေ့လေးမှာ ဆုတောင်းပေးကြသူတွေ အားလုံးကို အမှတ်တရ ကျေးဇူးတင်စကားလေး ဆိုလာတဲ့ အောင်လေး

Posted on

မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော အောင်လေးကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ခဏလေးအတွင်းမှာ လူသိများအောင်မြင်လာတဲ့ အောင်လေးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

အောင်လေးကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

အခုမှာတော့ သူရဲ့မွေးလေးနေ့လေးမှာ ဆုတောင်းပေးကြသူတွေ အားလုံးကို အမှတ်တရ ကျေးဇူးတင်စကားလေး ဆိုလာပါတယ် ။ ” ဒီနေ့မှာ ကျရောက်တဲ့ ကျွန်တော် ရဲ့ အသက် 😜30ပြည့်နှစ်မွေးနေ့လေးမှာ bd wish လုပ်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေများအားလုံး ပရိတ်သတ်များအားလုံးကိုရင်ထဲကနေတကယ်ကိုလှိုက်လှိုက်လဲလဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ…🙏🏻🙏🏻🥰😍တစ်ယောက်စီတိုင်းရဲ့ ဆုတောင်းစကားတစ်ခုဆီတိုင်း ကိုကျွန်တော်ရင်ထဲမှာ တကယ်ကိုလေးစားတန်ဖိုးထားပြီးအမှတ်တရနဲ့ဝမ်းသာပီတိ ဖြစ်ရပါတယ်..🥰😘 အဲတာကြောင့်တစ်ဦးတစ်ယောက်ချင်းဆီကို စာကိုအလေးထားပြီးပြန်ချင်ပေမယ့် စာကြောင်းများစွာဖြစ်တာကြောင့် မပြန်နိုင်ခဲ့တာ နားလည်ခွင့်လွှတ်ပေးပါခင်ဗျာ… 🙏🏻ကျွန်တော့်ကို…မွေးနေ့မှစပြီးနှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာကိုယ်ကျမ်းမာနဲ့ ဖြစ်ချင်တာတွေဖြစ်ရပါစေ….ဆိုပြီးဆုတောင်းပေးကြတဲ့ …..သူငယ်ချင်းမိတ်ဆွေ ညီကိုမောင်နှအားလုံးကျွန်တော့် Fan လေးတွေအားလုံးကိုလည်းပြန်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ….အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းနဲ့ ပြည့်ဆုံပြီး အရာရာအားလုံးကိုအကောင်းဆုံးဖြတ်ကျော်ပြီး… အောင်မြင်နိုင်ကြပါစေခင်ဗျာ…..🙏🏻” ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Aung Lay 

-Zawgyi Font ဖြင့်ဖတ်ရန် – 


🥰🥰🥰




Yuan – Cele Zone

Photo – Aung Lay