မေမေ မသိအောင်နှုတ်ခမ်းနီတွေယူဆိုးပစ်လိုက်တဲ့ ခိုင်နှင်းဝေရဲ့ သမီးလေး

ပရိဟိတ မင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးလေးတွေကို စောင့်ရှောက်ပေးတဲ့ ခိုင်နှင်းဝေနဲ့ရင်သွေးလေးများ ဂေဟာကိုဖွင့်လှစ်ထားတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ ။ ဒါ့အပြင် သားသမီးမရှိတဲ့ သူမဟာ ရွှန်းရွှန်းလို့ချစ်စနိုးနဲ့ ခေါ်ရတဲ့ ရွှန်းဝတီခိုင်ဆိုတဲ့ သမီးလေးတစ်ယောက်ကိုလည်း မွေးစားထားပါသေးတယ် ။ မွေးစားထားတယ်ဆိုပေမယ့် သူမရဲ့သမီးရင်းလေးတစ်ယောက်လို အရမ်းချစ်တယ်ဆိုတာ ပရိသတ်တွေလည်း အားလုံးသိမယ်ထင်ပါတယ် ။

 

 

သမီးလေး ရွှန်းရွန်းကို အလိုလိုက်ပြီး ဂရုစိုက်တစိုက်ချစ်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ ရွှန်းရွှန်းလေးရဲ့ တဖြေးဖြေးကြီးထွားလာပုံ ၊ လူလည်ကျတတ်လာပုံ လေးတွေကိုလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ အမြဲတမ်းမျှဝေပေးနေခဲ့တာပါ ။ လတ်တလောမှာလည်း ” အေးအေး… မပြောသေးဘူး ကြည့်နေတယ် သိလား မိရွှန်း… ငါနော်… ကုန်ပါပြီ ” ဆိုတဲ့စာသားလေးနဲ့အတူ သမီးလေးရွှန်းရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးထားတာပဲဖြစ်ပါတယ် ။ မိရွှန်းလေးကတော့ မိန်းကလေးပီပီ လှချင်ပချင်စိတ်တွေ ရှိလာပြီဆိုတာကို ဒီပုံလေးတွေက သက်သေပြနေတာမို့ ပရိသတ်တွေကတော့ အသည်းတယားယားနဲ့ချစ်နေကြတာပါ ။

 

ခိုင်နှင်းဝေရဲ့သမီးလေး ရွှန်းရွှန်းကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးအတွက် အလှကြိုက်တဲ့ ရွှန်းရွှန်းလေးရဲ့ နှုတ်ခမ်းနီတွေနဲ့ ပေပွနေတဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးရော ရွှန်းရွှန်းလေးကို ချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Khine Hnin Wai
Emily (Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Khine Hnin Wai
Emily (Cele Zone )

error: Content is protected !!