Dinnerတူတူစားပြီး ဖေဖေ လင်းလင်းနဲ့ အတူ Rock သီချင်းအကြမ်းစားလေးနဲ့ ကဲခဲ့တဲ့ ခေတ်နဲ့သစ်လေး

အနုပညာရှင် မိသားစုလေးတွေထဲမှာ ပရိသတ်တွေ အရမ်းချစ်ရပြီး အားကျရတဲ့ လင်းလင်းနဲ့ ချစ်သူဝေတို့ရဲ့ မိသားစုလေးကို မသိတဲ့ သူမရှိလောက်အောင် ရှားပါတယ်။ ဖေဖေ Rockerကြီးနဲ့ မေမေ ဆရာဝန် အဆိုတော် မင်းသမီးချောလေး ချစ်သုဝေ တို့နှစ်ယောက်ရဲ့ ကိုယ်ပွားလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်လေး နှစ်ယောက် ကတော့ ပရိသတ်တွေရဲ့ အသည်းတုန်လေးတွေပါ‌။

 

ဉာဏ်အရမ်းကောင်းပြီး စကားအရမ်းတတ်တဲ့ အသည်းလေးနှစ်‌ယောက်က ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားပြီး မြင်လိုက်တိုင်း အရုပ်မလေးတွေလို ချစ်မိနေရတဲ့သူလေးတွေပါ။ ဖေဖေ မေမေတို့ရဲ့ စည်းစနစ်ကျတဲ့ ထိန်းကွပ်မှုအောက်မှာ ကြီးပြင်းလာတဲ့ ခေတ်နဲ့ သစ်လေးနှစ်ယောက်က တခါတလေမှာ ဖေဖေနဲ့ပေါင်းပြီး မေမေမကြိုက်တာလေးတွေလည်း လုပ်တတ်ပါသေးတယ်။

 

အပူအပင်မရှိဘဲ အရမ်းကို ပျော်စရာကောင်းပြီး မြင်သူတိုင်း ပီတိအပြုံးလေးတွေကို ဖြစ်စေနဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျစရာပါပဲ။ အခုလည်း မအားတဲ့ ကြားက သမီးလေးတွေအတွက် မရမက အချိန်ပေးတတ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ဦးက သမီးလေးနှစ်‌ယောက်နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ Dinnerညလေးကို ကုန်ဆုံးခဲ့တာပါ။ Dinner ပြီးတော့ Rock သီချင်း ကြမ်းကြမ်းလေးတွေကို ဖွင့်ပြီး ဖေဖေနဲ့အတူ နှစ်ယောက်သားကဲနေကြတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ ဗီဒီယိုလေးကို CeleZoneပရိသတ်တွေအတွက် အသည်းယားစရာကောင်းလွန်းလို့ တင်ပေးလိုက်ပါတယ်နော်။

Source:Htwe Lynn Ko

NORA:CeleGabar

(Zawgyi ဖြင့်ဖတ်ရန်)



