သူမ အရုပ်တွေယူလာလို့ ပျော်ရွှင်ကာ အလုအယက် တောင်းနေကြတဲ့ သားတွေ သမီးတွေရဲ့ ချစ်စရာ ဗီဒီယိုလေးကို ဝေမျှလာတဲ့ ခိုင်နှင်းဝေ

Posted on

မင်းသမီးကြီး ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။ရင်ခွင်ပိုက်အရွယ်လေးတွေနဲ့ မိဘရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ ကလေးတွေကိုလည်း နွေးထွေးစွာထွေးပွေ့ပေးထားသူ တစ်ယောက်ပါ ။

ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာကတော့ ချစ်စရာသားသားမီးမီးလေးတွေရှိလို့ ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါတယ်။ ကလေးတွေရဲ့ ဝေယျာဝစ္စ တွေပါမက ကျန်းမာရေး ကိစ္စတွေကိုလည်း သူကိုယ် သေသေချာချာ ဂရုတစိုက်နဲ့ ပြုစု စောင့်ရှောက်ပေးနေတာကလည်း တကယ်လေးစားစရာပါပဲ ။

ဒါ့အပြင် ကလေးတွေရဲ့ ချစ်စရာ ဗီဒီယိုလေးတွေ ပုံလေးတွေကိုလည်း အမှတ်တရ ဖော်ပြပေးလေ့ရှိပါတယ် ။ အခုလည်း သူမအရုပ်တွေ ယူလာလို့ ဝမ်းပန်းတသာနဲ့ ပျော်ရွှင်နေကြတဲ့ သားတွေ သမီးတွေရဲ့ ဗီဒီယိုလေးကို ဝေမျှလာပါတယ် ။ ဗီဒီယိုလေးကြည့်ပြီး ကိုယ်ပါ အပျော်တွေ ကူးစက်မိတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

-Zawgyi Font ဖြင့်ဖတ်ရန် – 

သူမ အ႐ုပ္ေတြယူလာလို႔ ေပ်ာ္႐ႊင္ကာ အလုအယက္ ေတာင္းေနၾကတဲ့ သားေတြ သမီးေတြရဲ႕ ခ်စ္စရာ ဗီဒီယိုေလးကို ေဝမွ်လာတဲ့ ခိုင္ႏွင္းေဝ

ခ်စ္စရာေလးေတြ 🥰

မင္းသမီးႀကီး ခိုင္ႏွင္းေဝကေတာ့ ပရဟိတအလုပ္ေတြကို စြမ္းစြမ္းတမံလုပ္ေဆာင္ေနတာျဖစ္ပါတယ္။ရင္ခြင္ပိုက္အ႐ြယ္ေလးေတြနဲ႔ မိဘရဲ႕စြန႔္ပစ္ျခင္းကိုခံလိုက္ရတဲ့ ကေလးေတြကိုလည္း ေႏြးေထြးစြာေထြးေပြ႕ေပးထားသူ တစ္ေယာက္ပါ ။

ခိုင္ႏွင္းေဝရဲ႕ ရင္ေသြးေလးမ်ားေဂဟာကေတာ့ ခ်စ္စရာသားသားမီးမီးေလးေတြရွိလို႔ ေပ်ာ္႐ႊင္ခ်မ္းေျမ့စရာေကာင္းလွပါတယ္။ ကေလးေတြရဲ႕ ေဝယ်ာဝစၥ ေတြပါမက က်န္းမာေရး ကိစၥေတြကိုလည္း သူကိုယ္ ေသေသခ်ာခ်ာ ဂ႐ုတစိုက္နဲ႔ ျပဳစု ေစာင့္ေရွာက္ေပးေနတာကလည္း တကယ္ေလးစားစရာပါပဲ ။

ဒါ့အျပင္ ကေလးေတြရဲ႕ ခ်စ္စရာ ဗီဒီယိုေလးေတြ ပုံေလးေတြကိုလည္း အမွတ္တရ ေဖာ္ျပေပးေလ့ရွိပါတယ္ ။ အခုလည္း သူမအ႐ုပ္ေတြ ယူလာလို႔ ဝမ္းပန္းတသာနဲ႔ ေပ်ာ္႐ႊင္ေနၾကတဲ့ သားေတြ သမီးေတြရဲ႕ ဗီဒီယိုေလးကို ေဝမွ်လာပါတယ္ ။ ဗီဒီယိုေလးၾကည့္ၿပီး ကိုယ္ပါ အေပ်ာ္ေတြ ကူးစက္မိတာေၾကာင့္ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Khine Hnin Wai