ပရိသတ်တွေ စိုးရိမ်သွားစေမယ့် အကြောင်းရာတစ်ခုကို ရေးသားခဲ့တဲ့ မေမီကိုကို

MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ အားပေးကြမ်းခဲ့တဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲထဲက မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ ဖမ်းစားခဲ့တဲ့ မေမီကိုကို ကို ပရိသတ်တွေအားလုံး သိပြီးဖြစ်မှာပါ ။ နောက်ထပ် MRTV-4 က ရိုက်ကူးတင်ဆက်နေတဲ့ ဇာတ်လမ်းတွဲတော်တော်များများ မှာလည်း ပါဝင်သရုပ်ဆောင်ထားသလို သူမ နောက်ဆုံးရိုက်ကူးခဲ့တဲ့ လိပ်ပြာနှောင်ကြိုး ဇာတ်လမ်းတွဲ ကလည်း ပရိသတ်တွေ တော်တော်လေး အကြိုက်တွေ့ခဲ့တယ်လို့ ဆိုရမှာပါ ။

 

 

သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေအတွက် အမြဲ မျှဝေပေးနေတဲ့ မေမီကိုကိုကတော့လတ်တလောမှာ ပရိသတ်တွေ စိတ်ပူသွားစေမယ့် ပို့စ်တစ်ခုကို တင်ခဲ့တဲ့အတွက် ပရိသတ်တွေအားလုံးက စိုးရိမ်နေခဲ့ကြပါတယ် ။ ” မမေးကြပါနဲ့နော် သူမဖြေစေချင်လို့ အားနာပေမဲ့လည်း မဖြေပါဘူး ကျေးဇူးပါ ” ဆိုတဲ့စာသားနဲ့အတူ ဆေးရုံတစ်ခုရဲ့ ခွဲစိတ်ခန်းပုံရိပ်တစ်ခုကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ သူမပြောတဲ့ သူ ဆိုတာ ဘယ်သူလဲဆိုတာကို ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြသလို ဘယ်သူဘာဖြစ်တာလဲဆိုတာကို အားလုံးက သိချင်နေကြပါတယ် ။

 

 

သူမကိုချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ ဘယ်သူဘာဖြစ်လဲဆိုတာကို ရေရေ ရာရာ မသိပေမယ့် အမြန်ဆုံးအဆင်ပြေပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးနေခဲ့ကြပါတယ် ။ မေမီကိုကို ကို စိတ်ပူနေကြတဲ့ ပရိသတ်တွေ အားလုံးလည်း ဆုတောင်းပေးလိုက်ကြပါဦးနော် ။

Source : May Mi KoKo
Emily ( Cele Zone )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ပရိသတ္ေတြ စိုးရိမ္သြားေစမယ့္ အေၾကာင္းရာတစ္ခုကို ေရးသားခဲ့တဲ့ ေမမီကိုကို

 

MRTV-4 ဇာတ္လမ္းတြဲေတြကေနတဆင့္ ပရိသတ္ေတြ အားေပးၾကမ္းခဲ့တဲ့ ပ်ားရည္အိုင္ဇာတ္လမ္းတြဲထဲက ၿမိဳင္ဆိုတဲ့ ကာ႐ိုက္တာနဲ႔ ဖမ္းစားခဲ့တဲ့ ေမမီကိုကို ကို ပရိသတ္ေတြအားလုံး သိၿပီးျဖစ္မွာပါ ။ ေနာက္ထပ္ MRTV-4 က ႐ိုက္ကူးတင္ဆက္ေနတဲ့ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမ်ား မွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားသလို သူမ ေနာက္ဆုံး႐ိုက္ကူးခဲ့တဲ့ လိပ္ျပာေႏွာင္ႀကိဳး ဇာတ္လမ္းတြဲ ကလည္း ပရိသတ္ေတြ ေတာ္ေတာ္ေလး အႀကိဳက္ေတြ႕ခဲ့တယ္လို႔ ဆိုရမွာပါ ။

သူမရဲ႕ ေန႕စဥ္လႈပ္ရွားမႈ ပံုရိပ္ေတြကို ပရိသတ္ေတြအတြက္ အၿမဲ မွ်ေ၀ေပးေနတဲ့ ေမမီကိုကိုကေတာ ့လတ္တေလာမွာ ပရိသတ္ေတြ စိတ္ပူသြားေစမယ့္ ပို႕စ္တစ္ခုကို တင္ခဲ့တဲ့အတြက္ ပရိသတ္ေတြအားလံုးက စိုးရိမ္ေနခဲ့ၾကပါတယ္ ။ ” မေမးၾကပါနဲ႕ေနာ္ သူမေျဖေစခ်င္လို႕ အားနာေပမဲ့လည္း မေျဖပါဘူး ေက်းဇူးပါ ” ဆိုတဲ့စာသားနဲ႕အတူ ေဆးရံုတစ္ခုရဲ႕ ခြဲစိတ္ခန္းပံုရိပ္တစ္ခုကို သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္မွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။ သူမေျပာတဲ့ သူ ဆိုတာ ဘယ္သူလဲဆိုတာကို ပရိသတ္ေတြအားလံုးက စိတ္၀င္စားေနၾကသလို ဘယ္သူဘာျဖစ္တာလဲဆိုတာကို အားလံုးက သိခ်င္ေနၾကပါတယ္ ။

သူမကိုခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြကေတာ့ ဘယ္သူဘာျဖစ္လဲဆိုတာကို ေရေရ ရာရာ မသိေပမယ့္ အျမန္ဆံုးအဆင္ေျပပါေစလို႕ ဝိုင္း၀န္းဆုေတာင္းေပးေနခဲ့ၾကပါတယ္ ။ ေမမီကိုကို ကို စိတ္ပူေနၾကတဲ့ ပရိသတ္ေတြ အားလံုးလည္း ဆုေတာင္းေပးလိုက္ၾကပါဦးေနာ္ ။

Source : May Mi KoKo
Emily ( Cele Zone )