အရေးပေါ်ဆေးရုံတက်ရပြီး နှလုံးရပ်သွားခဲ့တဲ့ ဟာသ သရုပ်ဆောင်လူရွှင်တော်မန်းဝင်း

နှစ်ပေါင်းအတော်ကြာအောင် ပရိသတ်တွေကို သူတက်မြောက်ထားတဲ့ အနုပညာနဲ့ ဖျော်ဖြေတင်ဆက်ရင်း ရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင်လူရွှင်တော် မန်းဝင်းကို ပရိသတ်တွေအားလုံး ယနေ့အချိန်ထိ ချစ်ခင်နေကြဆဲလို့ ယုံကြည်ပါတယ် ။ အသက်အရွယ်အရ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေ ခေတ္တရပ်နားထားရပေမယ့် ကျန်းမာနေသ၍တော့ ဒီအနုပညာအလုပ်ကို ဆက်လက်လုပ်ဆောင်ချင်သေးလို့ ဦးမန်းဝင်းက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာကို ကြည့်ခြင်းအားဖြင့် အနုပညာကိုဘယ်လောက်ချစ်မြတ်နိုးတဲ့ သူလဲ ဆိုတာ ပေါ်လွင်နေပါတယ် ။

 

 

ဒါပေမယ့် စိတ်မကောင်းစွာဘဲ ဒီနေ့ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ ပင်လုံဆေးရုံ…အရေးပေါ်အခန်း နံပါတ် (၈) မှ ဦးမန်းဝင်းတစ်ယေ ာက် ဆေးရုံအရေးပေါ်တင်ထားရပါတယ်လို့ သိရှိရပါတယ် ။နှလုံး ရုတ်တရက် ခေတ္တရပ်သွားတာဖြစ်ပြီး ပရိသတ်တွေနဲ့ မိသားစုဝင်တွေ ကလည်း ဦးမန်းဝင်းရဲ့ ကျန်းမာရေးအတွက် အရမ်းစိုးရိမ်နေခဲ့ကြပြီး ခုတော့ နှလုံးပြန်ခုန်သွားပြီလို့သိရပါတယ် ။ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေနဲ့ ချစ်ရတဲ့ပရိသတ်တွေကလည်း ဦးမန်းဝင်းအမြန်ဆုံးနေကောင်းလာဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေကြတာပါ ။

 

ပြည်သူချစ်အနုပညာရှင်တစ်ယောက် ၊ ပရိသတ်တွေကို အမြဲရယ်မောစေခဲ့တဲ့ လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဦးမန်းဝင်းတစ်ယောက် အမြန်ဆုံးကျန်းမာပါစေလို့ Cele Zone မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း ဦးမန်းဝင်းအတွက် ဆုတောင်းစကားလေးတွေ ရေးပေးခဲ့ပါဦးနော် ။

Source : Kyi Mann Win
Emily ( Cele Zone)
ဇော်ဂျီဖြင်ဖတ်ရန်

 

အေရးေပၚေဆးရံုတက္ရၿပီး ႏွလံုးရပ္သြားခဲ့တဲ့ ဟာသ သ႐ုပ္ေဆာင္လူရႊင္ေတာ္မန္း၀င္း

ႏွစ္ေပါင္းအေတာ္ၾကာေအာင္ ပရိသတ္ေတြကို သူတက္ေျမာက္ထားတဲ့ အႏုပညာနဲ႕ ေဖ်ာ္ေျဖတင္ဆက္ရင္း ရယ္ေမာေပ်ာ္ရႊင္ေစခဲ့တဲ့ ဟာသ သ႐ုပ္ေဆာင္လူရႊင္ေတာ္ မန္း၀င္းကို ပရိသတ္ေတြအားလံုး ယေန႕အခ်ိန္ထိ ခ်စ္ခင္ေနၾကဆဲလို႕ ယံုၾကည္ပါတယ္ ။ အသက္အရြယ္အရ က်န္းမာေရးအေျခအေနေၾကာင့္ အႏုပညာအလုပ္ေတြ ေခတၱရပ္နားထားရေပမယ့္ က်န္းမာေနသ၍ေတာ့ ဒီအႏုပညာအလုပ္ကို ဆက္လက္လုပ္ေဆာင္ခ်င္ေသးလို႕ ဦးမန္း၀င္းက အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့တာကို ၾကည္႕ျခင္းအားျဖင့္ အႏုပညာကိုဘယ္ေလာက္ခ်စ္ျမတ္ႏိုးတဲ့ သူလဲ ဆိုတာ ေပၚလြင္ေနပါတယ္ ။

ဒါေပမယ့္ စိတ္မေကာင္းစြာဘဲ ဒီေန႕ေဖေဖာ္ဝါရီလ (၁၉) ရက္ေန႕မွာ ပင္လံုေဆးရံု…အေရးေပၚအခန္း နံပါတ္ (၈) မွ ဦးမန္း၀င္းတစ္ေယ ာက္ ေဆးရံုအေရးေပၚတင္ထားရပါတယ္လို႕ သိရွိရပါတယ္ ။ႏွလံုး ႐ုတ္တရက္ ေခတၱရပ္သြားတာျဖစ္ၿပီး ပရိသတ္ေတြနဲ႕ မိသားစု၀င္ေတြ ကလည္း ဦးမန္း၀င္းရဲ႕ က်န္းမာေရးအတြက္ အရမ္းစိုးရိမ္ေနခဲ့ၾကၿပီး ခုေတာ့ ႏွလံုးျပန္ခုန္သြားၿပီလို႕သိရပါတယ္ ။ အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမေတြနဲ႕ ခ်စ္ရတဲ ့ပရိသတ္ေတြကလည္း ဦးမန္း၀င္းအျမန္ဆံုးေနေကာင္းလာဖို႕ ဆုမြန္ေကာင္းေတြေတာင္းေပးေနၾကတာပါ ။

ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ ၊ ပရိသတ္ေတြကို အၿမဲရယ္ေမာေစခဲ့တဲ့ လူရႊင္ေတာ္တစ္ေယာက္ျဖစ္တဲ့ ဦးမန္း၀င္းတစ္ေယာက္ အျမန္ဆံုးက်န္းမာပါေစလို႕ Cele Zone မွဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္ ။ ပရိသတ္ႀကီးကလည္း ဦးမန္း၀င္းအတြက္ ဆုေတာင္းစကားေလးေတြ ေရးေပးခဲ့ပါဦးေနာ္ ။

Source : Kyi Mann Win
Emily ( Cele Zone)