ပရမ်းပတာမောင်းနေတဲ့ယာဉ်တွေကြောင့် လမ်းတွေပိတ်ပြီး အရေးကြီးတဲ့ကိစ္စတစ်ခုနောက်ကျသွားခဲ့ရတဲ့အဖြစ်ကိုပြောပြလိုက်တဲ့ အေသင်ချိုဆွေ

Posted on

လတ်တလောရေပန်းစားနေတဲ့ “Easy Going”သီချင်းရဲ့ အဆိုရှင်လေး အေသင်ချိုဆွေဟာ ပရိသတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ပါပဲနော်။ သူမဟာ Single Motherတစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ သမီးလေးlvyဟာလည်း ပရိသတ်တွေ သဲသဲလှုပ်အချစ်ခံနေခဲ့ရပါတယ်။ သမီးလေးကို အဖေလိုတစ်မျိုးအမေလိုတစ်မျိုး စောင့်ရှောက်မှုတွေပေးထားတဒ့ မေမေအေသင်ဟာ လတ်တလောမှာတော့ အနုပညာ‌ခြေလှမ်းလေးတွေကို ခပ်စိပ်စိပ်လေးပြန်လှမ်းလာခဲ့တာကိုတွေ့ရပါတယ်။

 

အခုလည်းသူမဟာ တောင်ငူဘက်မှဖျော်ဖြေပွဲအပြီး ရန်ကုန် ဗိုလ်တစ်ထောင်ဘက်က ဖျော်ဖြေရေးပွဲလေးတစ်ခုကို အမှီလာနေခဲ့တာပဲဖြစ်ပါတယ်။ သင်္ဘောပေါ်မှာဖျော်ဖြေပေးရမှာဖြစ်တဲ့အတွက် တောင်ငူကနေ ည၇နာရီအမှီထွက်လာခဲ့ပေမယ့် ပရမ်းပတာနဲ့ စည်းကမ်းတကျမမောင်းကျတဲ့ ယာဉ်အချို့ကြောင့် ပွဲကိုရောက်ဖို့အချိန်ကြန့်ကြာခဲ့ရပါတယ်။ သူမကဒီအကြောင်းလေးတွေကို Liveလွှင့်ပြီး သူမရဲ့ချစ်ပရိသတ်တွေကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။

 

သူမက ကားလမ်းကို ပိတ်စေတဲ့ စည်းမဲ့ကမ်းမဲ့ ယာဉ်မောင်းတွေအကြောင်းကိုပြောရင်းနဲ့ “ကိုယ်ကိုယ်တိုင်လည်း စည်းကမ်းမရှိပါဘူး…”လိုဆိုပြီးတော့ ဟာသနှောပြီးပြောခဲ့ပါသေးတယ်။ ပြီးတော့ သူမကိုယ်တိုင် ဒီရန်ကုန်ပွဲကိုမှီဖို့အတွက် တောင်ငူကနေ ၂ နာရီ ခွဲလောက်နဲ့ ရောက်အောင် ကားမောင်စခဲ့ရပေမယ့် ပွဲမရောက်ခင်မှာ ကားတွေတိုးမပေါက်အောင် ပိတ်လို့နေတာကြောင့် အတော်လေးအခက်တွေ့ခဲ့ရပါတယ်။ ကဲ…ဒီတော့ အေသင်တစ်ယောက် Liveထဲမှာ စည်းကမ်းမဲ့ယာဉ်မောင်းတွေကို ဘာတွေပြောထားလည်း ကြည့်လိုက်ကြပါအုန်းချစ်ပရိသတ်တို့ရေ…

 

Source : Athen Cho Swe
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

ပရမ္းပတာေမာင္းေနတဲ့ယာဥ္ေတြေၾကာင့္ လမ္းေတြပိတ္ၿပီး အေရးႀကီးတဲ့ကိစၥတစ္ခုေနာက္က်သြားခဲ့ရတဲ့အျဖစ္ကိုေျပာျပလိုက္တဲ့ ေအသင္ခ်ိဳေဆြ

 

လတ္တေလာေရပန္းစားေနတဲ့ “Easy Going”သီခ်င္းရဲ႕ အဆိုရွင္ေလး ေအသင္ခ်ိဳေဆြဟာ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ေလးတစ္ေယာက္ပါပဲေနာ္။ သူမဟာ Single Motherတစ္ေယာက္လည္းျဖစ္ၿပီးေတာ့ သူမရဲ႕ သမီးေလးlvyဟာလည္း ပရိသတ္ေတြ သဲသဲလႈပ္အခ်စ္ခံေနခဲ့ရပါတယ္။ သမီးေလးကို အေဖလိုတစ္မ်ိဳးအေမလိုတစ္မ်ိဳး ေစာင့္ေရွာက္မႈေတြေပးထားတဒ့ ေမေမေအသင္ဟာ လတ္တေလာမွာေတာ့ အႏုပညာ‌ေျခလွမ္းေလးေတြကို ခပ္စိပ္စိပ္ေလးျပန္လွမ္းလာခဲ့တာကိုေတြ႕ရပါတယ္။

အခုလည္းသူမဟာ ေတာင္ငူဘက္မွေဖ်ာ္ေျဖပြဲအၿပီး ရန္ကုန္ ဗိုလ္တစ္ေထာင္ဘက္က ေဖ်ာ္ေျဖေရးပြဲေလးတစ္ခုကို အမွီလာေနခဲ့တာပဲျဖစ္ပါတယ္။ သေဘၤာေပၚမွာေဖ်ာ္ေျဖေပးရမွာျဖစ္တဲ့အတြက္ ေတာင္ငူကေန ည၇နာရီအမွီထြက္လာခဲ့ေပမယ့္ ပရမ္းပတာနဲ႔ စည္းကမ္းတက်မေမာင္းက်တဲ့ ယာဥ္အခ်ိဳ႕ေၾကာင့္ ပြဲကိုေရာက္ဖို႔အခ်ိန္ၾကန႔္ၾကာခဲ့ရပါတယ္။ သူမကဒီအေၾကာင္းေလးေတြကို Liveလႊင့္ၿပီး သူမရဲ႕ခ်စ္ပရိသတ္ေတြကိုေျပာျပခဲ့တာပဲျဖစ္ပါတယ္။

သူမက ကားလမ္းကို ပိတ္ေစတဲ့ စည္းမဲ့ကမ္းမဲ့ ယာဥ္ေမာင္းေတြအေၾကာင္းကိုေျပာရင္းနဲ႔ “ကိုယ္ကိုယ္တိုင္လည္း စည္းကမ္းမရွိပါဘူး…”လိုဆိုၿပီးေတာ့ ဟာသေႏွာၿပီးေျပာခဲ့ပါေသးတယ္။ ၿပီးေတာ့ သူမကိုယ္တိုင္ ဒီရန္ကုန္ပြဲကိုမွီဖို႔အတြက္ ေတာင္ငူကေန ၂ နာရီ ခြဲေလာက္နဲ႔ ေရာက္ေအာင္ ကားေမာင္စခဲ့ရေပမယ့္ ပြဲမေရာက္ခင္မွာ ကားေတြတိုးမေပါက္ေအာင္ ပိတ္လို႔ေနတာေၾကာင့္ အေတာ္ေလးအခက္ေတြ႕ခဲ့ရပါတယ္။ ကဲ…ဒီေတာ့ ေအသင္တစ္ေယာက္ Liveထဲမွာ စည္းကမ္းမဲ့ယာဥ္ေမာင္းေတြကို ဘာေတြေျပာထားလည္း ၾကည့္လိုက္ၾကပါအုန္းခ်စ္ပရိသတ္တို႔ေရ…