( ၂၀၁၉ ) ခုနှစ် အကယ်ဒမီဇာတ်ဆောင်ဆုအတွက် တစ်ပြေးနေတဲ့ နာမည်ကြီး မင်းသမီး (၂) ဦး

ပရိသတ်ကြီးရေ အနုပညာရှင်တွေနဲ့ ပရိသတ်တွေအားလုံး မျှော်လင့် စောင့်စားနေကြတဲ့ (၂၀၁၉) ခုနှစ်အကယ်ဒမီထူးချွန် ဆုပေးပွဲ အခမ်းအနားကြီးကတော့ ပြန်လည်နီးကပ်လို့လာခဲ့ပါပြီ ။ နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေကတော့ အကယ်ဒမီရနိုင်ချေရှိတဲ့ အနုပညာရှင်တွေကို ခန့်မှန်းခဲ့ကြပြီး သူတို့ချစ်တဲ့ အနုပညာရှင်တွေကို အကယ်ဒမီဆုရှင်တွေအဖြစ် မြင်တွေ့ချင်ကြတာတော့ထုံးစံပါပဲ ။ ဒီနှစ်မှာလည်း အကယ်ဒမီဇာတ်ဆောင်ဆုအတွက် ပရိသတ်တွေထင်ကြေးနဲ့ တစ်ပြေးနေတဲ့ နာမည်ကြီး မင်းသမီး (၂) ဦးရှိပါတယ် ။

 

( ၂၀၁၉ ) ခုနှစ် အကယ်ဒမီဇာတ်ဆောင်ဆုအတွက် တစ်ပြေးနေတဲ့ နာမည်ကြီး မင်းသမီး (၂) ဦးကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ အကယ်ဒမီ သက်မွန်မြင့်တို့ပဲဖြစ်ပါတယ် ။ အူဝဲကတော့ (၂၀၀၄) ခုနှစ်နဲ့ (၂၀၁၄) ခုနှစ်တို့မှာ အကယ်ဒမီ ဆု (၂) ဆုတိတိရရှိခဲ့ပြီး သက်မွန်မြင့်ကလည်း (၂၀၁၀) နဲ့ (၂၀၁၆) ခုနှစ်တို့မှာ အကယ်ဒမီဆု (၂) ဆုတိတိရရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း နာမည်ကြီး မင်းသမီးတွေပဲဖြစ်ပါတယ် ။ ဒီနှစ်အတွက် တော့ အူဝဲက ရိုးမပေါ်ကျတဲ့ မျက်ရည် ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီရမယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြတာ ဖြစ်ပြီး သက်မွန်မြင့်ကိုတော့ ချည် နဲ့ သခင်ကြီးနဲ့ငပိတို့စရာ ကားတို့နဲ့အကယ်ဒမီခန့်မှန်းနေခဲ့ကြတာဖြစ်ပါတယ် ။

 

နှစ်ယောက်လုံးကတော့ ပရိသတ်လက်ခံအားပေးပြီးသား သရုပ်ဆောင်ပညာမှာ သူမတူအောင် ကျွမ်းကျင် တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်ပြီး ဘယ်သူပဲ ရရ ပရိသတ်တွေကတော့ လက်ခုပ်တီးဖို့ အဆင်သင့်ပါပဲနော် ။ Cele Zone ပရိသတ်ကြီးကရော ဘယ်မင်းသမီးကို အကယ်ဒမီရစေချင်လဲ မှတ်ချက်ပေးခဲ့ပါဦးနော် ။

 

Emily ( Cele Zone)
ဇော်ဂျီဖြင့်ဖတ်ရန်

 

( ၂၀၁၉ ) ခုႏွစ္ အကယ္ဒမီဇာတ္ေဆာင္ဆုအတြက္ တစ္ေျပးေနတဲ့ နာမည္ႀကီး မင္းသမီး (၂) ဦး

ပရိသတ္ႀကီးေရ အႏုပညာရွင္ေတြနဲ႔ ပရိသတ္ေတြအားလုံး ေမွ်ာ္လင့္ ေစာင့္စားေနၾကတဲ့ (၂၀၁၉) ခုႏွစ္အကယ္ဒမီထူးခြၽန္ ဆုေပးပြဲ အခမ္းအနားႀကီးကေတာ့ ျပန္လည္နီးကပ္လို႔လာခဲ့ပါၿပီ ။ ႏွစ္စဥ္ႏွစ္တိုင္း ပရိသတ္ေတြကေတာ့ အကယ္ဒမီရႏိုင္ေခ်ရွိတဲ့ အႏုပညာရွင္ေတြကို ခန႔္မွန္းခဲ့ၾကၿပီး သူတို႔ခ်စ္တဲ့ အႏုပညာရွင္ေတြကို အကယ္ဒမီဆုရွင္ေတြအျဖစ္ ျမင္ေတြ႕ခ်င္ၾကတာေတာ့ထုံးစံပါပဲ ။ ဒီႏွစ္မွာလည္း အကယ္ဒမီဇာတ္ေဆာင္ဆုအတြက္ ပရိသတ္ေတြထင္ေၾကးနဲ႔ တစ္ေျပးေနတဲ့ နာမည္ႀကီး မင္းသမီး (၂) ဦးရွိပါတယ္ ။

( ၂၀၁၉ ) ခုႏွစ္ အကယ္ဒမီဇာတ္ေဆာင္ဆုအတြက္ တစ္ေျပးေနတဲ့ နာမည္ႀကီး မင္းသမီး (၂) ဦးကေတာ့ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္နဲ႕ အကယ္ဒမီ သက္မြန္ျမင့္တို႕ပဲျဖစ္ပါတယ္ ။ အူဝဲကေတာ့ (၂၀၀၄) ခုႏွစ္နဲ႕ (၂၀၁၄) ခုႏွစ္တို႕မွာ အကယ္ဒမီ ဆု (၂) ဆုတိတိရရွိခဲ့ၿပီး သက္မြန္ျမင့္ကလည္း (၂၀၁၀) နဲ႕ (၂၀၁၆) ခုႏွစ္တို႕မွာ အကယ္ဒမီဆု (၂) ဆုတိတိရရွိခဲ့တဲ့ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း နာမည္ႀကီး မင္းသမီးေတြပဲျဖစ္ပါတယ္ ။ ဒီႏွစ္အတြက္ ေတာ့ အူဝဲက ႐ိုးမေပၚက်တဲ့ မ်က္ရည္ ႐ုပ္ရွင္ကားႀကီးနဲ႕ အကယ္ဒမီရမယ္လို႕ ပရိသတ္ေတြက ခန္႕မွန္းေနၾကတာ ျဖစ္ၿပီး သက္မြန္ျမင့္ကိုေတာ့ ခ်ည္ နဲ႕ သခင္ႀကီးနဲ႕ငပိတို႕စရာ ကားတို႕နဲ႕အကယ္ဒမီခန္႕မွန္းေနခဲ့ၾကတာျဖစ္ပါတယ္ ။

ႏွစ္ေယာက္လံုးကေတာ့ ပရိသတ္လက္ခံအားေပးၿပီးသား သ႐ုပ္ေဆာင္ပညာမွာ သူမတူေအာင္ ကြ်မ္းက်င္ တဲ့ အႏုပညာရွင္ႏွစ္ေယာက္ျဖစ္ၿပီး ဘယ္သူပဲ ရရ ပရိသတ္ေတြကေတာ့ လက္ခုပ္တီးဖို႕ အဆင္သင့္ပါပဲေနာ္ ။ Cele Zone ပရိသတ္ႀကီးကေရာ ဘယ္မင္းသမီးကို အကယ္ဒမီရေစခ်င္လဲ မွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ။

Emily ( Cele Zone)